June 13, 2025

စစ်အာဏာသိမ်း (၁၅၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၉၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၁၄ AAPP ရဲ့ ဇွန်၁၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၉၄) ရက်အတွင်း ပြည်သူ (၆၇၉၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၂၇၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၅၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မော်လမြိုင်စက်မှုဇုန်ကို လျှပ်စစ်မီးပိုပေးမယ်လို့ စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ်ပြော

မော်လမြိုင် ၊ ဇွန် ၁၄ အာဏာသိမ်းကာလအတွင်း တစ်ရက်လျှင် အချိန် ၄ နာရီလောက်သာ လျှပ်စစ်မီးပေးနေတဲ့ မော်လမြိုင်စက်မှုဇုန်ကို လျှပ်စစ်မီးပိုပေးသွားမယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က ကတိပြုပြောဆိုလာပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မော်လမြိုင်စက်မှုဇုန်က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ် စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကတိပေးခဲ့တာပါ။…

TNLA အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ ရာမညမွန်တပ်တော် အသိပေး

မော်လမြိုင် ၊ ဇွန် ၁၄ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပလောင်ပြည် နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ မွန်ပြည်သစ်ပါတီ AD / ရာမညမွန်တပ်တော်က အသိပေးပါတယ်။ မွန်-ခမာ မျိုးနွယ်စုဖြစ်တဲ့ မွန်၊ ဝ၊ တအာင်းတို့က တအာင်းနယ်မြေနဲ့ တအာင်းပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ တအာင်းပြည်ကောင်စီ TLC ဖွဲ့ စည်းနိုင်တဲ့အပေါ် ထောက်ခံကြိုဆိုကြောင်း…

ကော့ကရိတ်မှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦး သေဆုံး

ကော့ကရိတ်၊ ဇွန် ၁၄ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘော်ရွာကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လက် နက်ကြီးပစ်ခတ်မှုကြောင့် ကလေး၂ ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခုရက်ပိုင်းအတွင်း ကော့ကရိတ်မြို့ မြောက်ပိုင်းကျေးရွာဖြစ်ကြတဲ့ နောင်ထပ္ပံ၊ နန်းကော်တေး စတဲ့ကျေးရွာတွေနဲ့ ကျုံဒိုးမြို့အနီးနားတဝိုက်က ကျေးရွာတွေထဲကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့…

Air India လေယာဉ် ပျက်ကျပြီး တစ်ဦးကလွဲလို့ လိုက်ပါသူအားလုံး သေဆုံး

အာမက်ဒါဘက်၊ ဇွန် ၁၃ ဇွန် ၁၂ ရက်မှာ လန်ဒန်မြို့သို့ ပျံသန်းမယ့် Air India လေကြောင်းလိုင်း လေယာဉ် တစ်စီးဟာ ပျံတက်ပြီး မကြာခင် လူနေဒေသတစ်ခုထဲ ပျက်ကျသွားတာကြောင့် လူတစ်ဦးကလွဲပြီး လိုက်ပါသူ ၂၄၁ ဦးလုံး သေဆုံးခဲ့ပါတယ်။ လေယာဉ် ပျက်ကျရာနေရာသို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ သွားရောက်ခဲ့ပြီး ဆေးရုံမှာ ဒဏ်ရာရရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။…

ဒရုန်းတပ်ဖွဲ့တွေ အလျင်အမြန် ချထားဖို့ ပူတင် ညွှန်ကြား

မော်စကို၊ ဇွန် ၁၃ ယူကရိန်း စစ်ပွဲအတွင်း အဓိက အခန်းကဏ္ဍက ပါဝင်လာပြီ ဖြစ်တဲ့ ဒရုန်းတွေကို အလျင်အမြန် ထုတ်လုပ်ပြီး စစ်တပ်ထဲမှာ သီးခြား ဒရုန်းတပ်ဖွဲ့တွေ ချထားဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဇွန် ၁၂ ရက်မှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။ စစ်ပွဲအတွင်း ဒရုန်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လာနေပြီ ဖြစ်တဲ့အတွက်…

သာယာဝတီထောင်မှာ ICRC ဝင်စစ်ပြီးနောက် နိုင်ငံရေးအကျဉ်းသားတစ်ဦး ရိုက်နှက်တိုက်ပိတ်ခံရ

သယာဝတီ၊ ဇွန် ၁၃ ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (International Committee Of the Red Cross – ICRC) ဝင်ရောက် စစ်ဆေးပြီးနောက် နိုင်ငံရေးအကျဉ်းသား တစ်ဦး ရိုက်နှက်နှိပ်စက် တိုက်ပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ထံက သိရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက သာယာဝတီအကျဉ်းထောင်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့မှ သွားရောက်စစ်ဆေးတဲ့အချိန်…

မုဒုံတိုက်ပွဲမှာ ရာမညမွန်တပ်တော်က ဒုဗိုလ်တစ်ဦး ကျဆုံး

မုဒုံ၊ ဇွန် ၁၃ မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာနဲ့ နှီးပဒေါကျေးရွာအကြား မုဒုံ-သံဖြူဇရပ်ကားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ဒုဗိုလ်တစ်ဦး ကျဆုံးခဲ့တယ်လို့ ရာမညမွန်တော် (NMSP-AD/RMA) က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ စစ်ကောင်စီဘက်က တပ်အင်အား ၃၀ ကျော်ပါ အဖွဲ့ဟာ မြေသယ်ယာဉ်တစ်စီးနဲ့နယ်မြေလှည့်ကင်းထွက်လာချိန် ရာမညမွန်တပ်တော်…