သရက်ချောင်း၊ ဇွန် ၁၂

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၁၁ ရက်နေ့ မနက် ၇ နာရီအချိန်လောက်ကစလို့ မင်းဒပ်ကျေးရွာအတွင်း ဘုန်းကြီးကျောင်းနဲ့ ကားလမ်းဘေးနေအိမ်တွေမှာ အင်အား ၇၀ လောက်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲဟာ နေ့လည်ပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်ပြီး တိုက်ပွဲအတွင်း ကစယ်ဒိုကျားအထူးတပ်ဖွဲ့က ရဲဘော်တစ်ဦးကျဆုံးထားပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိထားသလို စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုတွေ များနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် မင်းဒပ်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာ ၃ ရွာလောက်က ဒေသခံပြည်သူတွေ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ မြေပြသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာရှိ ဝင်းဝနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.