လော့စ်အန်ဂျယ်လိစ်၊ ဇွန် ၁၀

ရွှေ့ပြောင်းနေထိုင်သူတွေကို စီးနင်းမှုတွေအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တားဆီးရေး ဖက်ဒရယ်အစိုးရက တုံ့ပြန်ရာမှာ ပါဝင်ကူညီနိုင်ဖို့လော့စ်အန်ဂျယ်လိစ်ဒေသသို့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် နောက်ထပ် ၂၀၀၀ နဲ့ မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ကို သမ္မတ ဒေါ်နယ်ထရန့်က စေလွှတ်ထားကြောင်း ပင်တဂွန်က အတည်ပြုပါတယ်။

အဲဒီလို တပ်ဖွဲ့ဝင် အင်အားအများအပြား ချထားမှုနဲ့ ပတ်သက်လို့ အစိုးရကို တရားစွဲမယ်လို့ ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆင်က ပြောပါတယ်။

လော့စ်အန်ဂျယ်လိစ်မြို့ တဝန်း လူဝင်မှုကြီးကြပ်ရေး အကောက်ခွန် အရာရှိတွေက စီးနင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မြို့လယ်ခေါင်မှာ ဇွန် ၆ ရက်က ဆန္ဒပြပွဲတွေ စတင် ဖြစ်ပွားခဲ့တာပါ။

အဲဒီလို ဆန္ဒပြပွဲတွေ တရားမဝင်ဘူးလို့ ဖက်ဒရယ်အစိုးရက ကြေညာခဲ့ပေမယ့် သမ္မတက အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်း ဥပဒေစည်းကြပ်ရေးမှာ အမေရိကန်စစ်သားတွေ ပါဝင်မှုဟာ တော်တော်ကြီးကို ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။

အဲဒီ တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ အသုံးပြုမှုကြောင့် ကလေးငယ် တစ်ဦး အပါအဝင် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။

ဆန္ဒပြပွဲ စတုတ္ထမြောက်နေ့မှာ ဆန္ဒပြသူတွေက မောင်းသူမဲ့ ကားတွေကို မီးရှို့ခဲ့ကြပြီး ရာဘာကျည်တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေကြောင်း သြစတြေးလျ သတင်းထောက် တစ်ဦးက ပြောပါတယ်။

ထရန့်ကြောင့် ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပေါ်လာရတာ ဖြစ်တယ်လို့ လော့စ်အန်ဂျယ်လိစ် မြို့တော်ဝန်က စွပ်စွဲထားပါတယ်။

ဒီအတောအတွင်း လော့စ်အန်ဂျယ်လိစ်က ဆန္ဒပြသူတွေနဲ့ တစ်သားတည်း ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ တက္ကဆက်ပြည်နယ်မှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြပွဲတွေ ပိုပြင်းထန်လာပြီး ပိုမို ကျယ်ပြန့်လာနေပေမယ့် အစိုးရက ရွှေ့ပြောင်းနေထိုင်သူတွေကို စီးနင်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.