ထားဝယ်၊ ဇွန် ၁၁

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အတည်ပြုထုတ်ပြန်ပါတယ်။

အဲဒီရှေ့တန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန် ရေးတပ်ဖွဲ့တွေက ဇွန် ၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဇွန် ၁၀ ရက်နေ့မှာ စခန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းအချို့နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်း ဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို အသေးစိတ် ထုတ်ပြန်တာ မရှိသေးပါဘူး။

ပွိုင့် ၂၅၆၆ စခန်းဟာ ၁၉၉၇ ခုနှစ်ကတည်းက ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီ အခြေချတပ်စွဲခဲ့တဲ့ ရှေ့တန်းစခန်း တစ်ခုဖြစ်ပါတယ်။

ထားဝယ်မြို့နယ် ထီးခီးနယ်စပ်မှာ ပွိုင့် ၂၅၆၆ စခန်းနဲ့ ငါးရံနီစခန်းနှစ်ခုသာ ကျန်ရှိနေပြီး ပွိုင့် ၂၅၆၆ စခန်းကို KNLA ပူးပေါင်းတပ်တွေဘက်သိမ်းပိုက်လိုက်ပြီဖြစ်တာကြောင့် ငါးရံနီစခန်းတစ်ခုသာကျန်ရှိတော့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ထီးခီးဗျုဟာစခန်းကို KNLA ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.