ပုလဲ၊ ဇွန် ၁၀
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ တိုက်လေယာဉ် တစ်စီး ပစ်ချနိုင်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ထပ်မံထုတ်ပြန်ပါတယ်။

ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း လေကြောင်းပစ်ကူလာပေးတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးကို PLA တပ်မတော်က ဇွန် ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီတိုက်လေယာဉ်ဟာ လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှု ဖြစ်ကာ မြေပြင်ပေါ်သို့ ပျက်ကျပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – PLA