June 7, 2025

နယ်စပ်တည်ငြိမ်ရေး တရုတ်သံအမတ်က စစ်ကောင်စီနဲ့ လာရောက်ဆွေးနွေး

နေပြည်တော် ၊ ဇွန် ၈ ရှမ်းမြောက်ရှိ သိန္နီမြို့ကို ပြန်အပ်ဖို့ သတင်းတွေထွက်ပေါ်နေသလို စစ်ကောင်စီတပ်ကလည်း နောင်ချိုမြို့အနီးကို ရောက်ရှိလာချိန်မှာ တရုတ်သံအမတ်ကြီးက စစ်ကောင်စီကာကွယ်ရေးဝန်ကြီးနဲ့ နေပြည်‌တော်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။ စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားက ဇွန် ၆ ရက်နေ့မှာ တွေ့ဆုံခဲ့တာပါ။ တွေ့ဆုံမှုအတွင်း…

လေကြောင်းရန်ကြောင့် KNU စာသင်ကျောင်းအချို့ မဖွင့်နိုင်သေး

ဘားအံ၊ ဇွန် ၈ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန(KECD)က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကို တရားဝင်စတင်ပြီဖြစ်ကြောင်း ဇွန်လ ၆ ရက်နေ့ရက်စွဲနဲ့ KNU ဗဟိုက ထုတ်ပြန်အသိပေးလိုက်ပြီး နေရာအချို့မှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကြောင့် လတ်တလောမှာ စာသင်ကျောင်းတွေ မဖွင့်လှစ်နိုင်သေးဘူးလို့ သိရပါတယ်။ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေရှိပေမယ့်လည်း ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေကို စာသင်နှစ်အသစ်ကနေ…

သရက်ချောင်းမြို့နယ် ကျောက်အိုင်ရွာဗုံးကြဲခံရလို့ အရပ်သားနှစ်ဦးသေဆုံး

သရက်ချောင်း၊ ဇွန် ၈ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျောက်အိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၇ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဟာ ကျောက်အိုင်ရွာကို ဗုံးနှစ်လုံး၊ မယ်ကဲကျေးရွာကို ဗုံး နှစ်လုံး…

သထုံခရိုင်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေဆုံး

သထုံ၊ ဇွန် ၈ မွန်ပြည်နယ် သထုံခရိုင်အတွင်းမှာ ပြီးခဲ့တဲ့မေလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း စစ်ကောင်စီတပ်က ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်းရှိ KNU တပ်မဟာ ၁ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဘက်ကို…

မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ကောင်စီ UEC ထုတ်ပြန်

နေပြည်တော် ၊ ဇွန် ၇ ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲအတွက် စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ‌ကော်မရှင်ရဲ့လက်ရှိ စာရင်းတွေအရ မဲဆန္ဒနယ် ၂၆၇ မြို့နယ်မှာ ကျင်းပဖို့ ရှိတယ်လို့ ဇွန် ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းကျော်မှာ ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့…

အီရန်နဲ့ နျူကလီးယား ညှိနှိုင်းမှုတွေမှာ အမေရိကန်ကို ကူညီဖို့ အသင့်ရှိတယ်လို့ ရုရှားပြော

မော်စကို၊ ဇွန် ၇ အီရန်ရဲ့ နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးရာမှာ အထောက်အကူ ဖြစ်စေရေး အီရန်နဲ့ ရုရှားရဲ့ ရင်းနီးမှုကို အသုံးချပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ကူညီပေးဖို့ သမ္မတ ဗလာဒီမာ ပူတင် အသင့်ရှိတယ်လို့ ကရင်မလင် နန်းတော်က ဇွန် ၅ ရက်မှာ ပြောလိုက်ပါတယ်။ သမ္မတ ပူတင်နဲ့ ဖုန်းနဲ့ ဆက်သွယ်…

အာဏာသိမ်းနိုင်ခြေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ထိုင်းကာကွယ်ရေး ဝန်ကြီး ပယ်ချ

ဘန်ကောက်၊ ဇွန် ၇ ကမ္ဘောဒီးယား-ထိုင်းနယ်စပ် တင်းမာမှုတွေကို အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ အများပြည်သူ ပြစ်တင်ဝေဖန်မှု ပိုများလာနေချိန် စစ်တပ် အာဏာသိမ်းနိုင်ခြေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ထိုင်း ကာကွယ်ရေး ဝန်ကြီး ဖွမ်သန် ဝီချာယာချိုင်းက ပယ်ချလိုက်ပါတယ်။ အမျိုးသားရေးဝါဒီအဖွဲ့တချို့က အာဏာသိမ်းနိုင်ခြေ၊ အစိုးရ ထုတ်ပယ်ခံရနိုင်ခြေနဲ့ ပြောဆိုမှုတွေကို တုံ့ပြန်ရာမှာ ဝန်ကြီး ဖွမ်သန်က သူနဲ့…

တစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၁၀၀ နီးပါး သေဆုံး

ဒီပဲယင်း၊ ဇွန် ၇ နိုင်ငံတဝန်းမှာ မေလတစ်လအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ဇွန်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ မေ ၁ ရက်နေ့ကနေ မေ ၃၁ ရက်နေ့အထိ တစ်လအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီလက်ချက်ကြောင့် အပြစ်မဲ့အမျိုးသမီး…

အိုးဘိုထောင်မှာ ငလျင်ကြောင့် နိုင်ကျဉ်း ၄၉ ဦး သေဆုံးမှု စစ်ကောင်စီဖုံးကွယ်

မန္တလေး ၊ ဇွန် ၇ မန္တလေးတိုင်း ဘိုးအိုအကျဉ်းထောင်မှာ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးမှာ သေဆုံးသူ ၇၀ ဦး ရှိပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၄၉ ဦးပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် PPNM က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ငလျင်ကြောင့် အကျဉ်းသားတွေသေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က မိသားစုတွေကို…