သထုံ၊ ဇွန် ၆

မွန်ပြည်နယ် သထုံမြို့နယ်မှာ ငါးရက်အတွင်း လိုင်စင်မဲ့ယာဉ် စီးနင်းမှုကြောင့် လူပေါင်း ၆၀ ထက်မနည်း ထောင်ချခံထားရပြီး ယာဉ်တွေပါ သိမ်းဆည်းခံလိုက်ရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ခေါင်းဆောင် အမိန့်ကြောင့် ဇွန် ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ငါးရက်အတွင်း သထုံမြို့နယ်အတွင်းမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေကို လိုင်စင်မဲ့ယာဉ်တွေကို အင်အားအလုံးအရင်းနဲ့ လိုက် လံဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တပ်ကာ မြို့နယ်တ ရားရုံးမှာ နေ့ချင်းတရားစွဲတင်ပြီး ထောင်ဒဏ်တစ်လချမှတ်ကာ ယာဉ်ကိုလည်း သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။

လိုင်စင်မဲ့ယာဉ် ဖမ်းဆီးခံရသူတွေထဲမှာ ဘေးတွဲဆိုင်ကယ်မောင်းနှင်းသူတွေ အများဆုံးပါဝင်ပြီး လိုင်စင်မဲ့ကားမောင်းသူတွေ အနည်းငယ်သာ ပါဝင်တယ်လို့ ဆိုပါတယ်။

သထုံမြို့နယ်အတွင်းမှာ လိုင်စင်မဲ့ယာဉ်ဖမ်းတဲ့အဖွဲ့တွေဟာ သထုံ-ဘားအံလမ်း၊ သထုံ-ဘီးလင်းလမ်းနဲ့ သထုံ-မော်လမြိုင်အထွက်လမ်းတွေမှာ အများဆုံးစောင့်ဆိုင်းဖမ်းဆီးလေ့ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးပြီးလူတွေကို ထောင်ချနေတာကြောင့် သထုံမြို့ပေါ်မှာ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေအများစု လမ်းပေါ်ထွက်မောင်းနှင်တာ နည်းပါးသွားပြီး မိသားစုစားဝတ်နေရေးအတွက် အခက်အခဲကြုံလာကြရတယ်လို့ သိရပါတယ်။

သထုံမြို့နယ်ဟာ မြဝတီဘက်ကနေ တင်သွင်းလာတဲ့ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်တွေ အဓိက ဖြတ် သန်းရာ လမ်းပိုင်းဖြစ်နေပြီး စစ်ဆေးရေးဂိတ်တွေကနေ ဖမ်းဆီးတာမရှိဘဲ ငွေတောင်းယူကာ လွှတ်ပေးနေပြီး နေ့စဉ်လိုင်စင်မဲ့ကားအရေအတွက် ရာချီဖြတ်သန်းနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.