May 24, 2025

ရာမညမွန်တပ်တော်မှာ မွန်တပ်ဖွဲ့တွေအားလုံးပါဝင်ဖို့ ကြိုးပမ်းသွားမယ်

မော်လမြိုင် ၊ မေ ၂၅ ရာမညမွန်တပ်တော် RMA မှာ စု‌ပေါင်းခေါင်းဆောင်မှုနဲ့ မွန်လက်နက်ကိုင်တပ်တွေအားလုံး တစုတစည်းတည်းပါဝင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပေါင်းစည်းပြီး ရာမညမွန်တပ်တော်…

မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို နေအိမ်အထိ လိုက်လံဖမ်းဆီးနေ

မော်လမြိုင် ၊ မေ ၂၅ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် တချို့မှာ စစ်ကောင်စီက လိုင်စင်မဲ့ကားအပါအဝင် ဆိုင်ကယ်တွေကို နေအိမ်တွေအထိ လိုက်လံဖမ်းဆီးပြီး ခြိမ်းခြောက် ငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုဟာ ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ စစ်ခေါင်းဆောင်…

ရွှေကျင်နဲ့ကျောက်ကြီးမြို့နယ်မှာ စစ်တပ်ပစ်ခတ်မှုကြောင့် ဒေသခံလေးဦးသေဆုံး

ညောင်လေးပင်၊ မေ ၂၅ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နဲ့ရွှေကျင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ လေးဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက မေ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့က ရွှေကျင်မြို့နယ် သံဆိပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ ထင်ကျော်ရော်ဘာခြံ နတ်စဉ်တံတားကနေ စောင့်ဆိုင်းပြီး ခရီးသွားလာနေတဲ့ ဒေသခံပြည်သူတွေကို အကြောင်းမဲ့…

ရာမညမွန်တပ်တော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ TNLA ကြေညာ

မော်လမြိုင် ၊ မေ ၂၅ ပေါင်းစပ်ဖွဲ့စည်းလိုက်တဲ့ ရာမညမွန်တပ်တော် RMA ကို ဘဝတူတော်လှန်ရေး မဟာမိတ်အဖြစ် သတ်မှတ်ပြီး တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် အမြန်အောင်မြင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တအာင်းတပ်တော် TNLA က ကြေညာလိုက်ပါတယ်။ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပေါင်းစည်းပြီး တပ်ဖွဲ့နှစ်ခုကို ရာမညမွန်တပ်တော်…

စလင်းမြို့မှာ စစ်ကောင်စီအထိုင်ချနေရာတွေ တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တင်းကြပ်ထား

မကွေး မေ ၂၄ မကွေးတိုင်း စလင်းမြို့ပေါ်က စစ်ကောင်စီအထိုင်ချရာနေရာတွေတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြို့ပေါ်မှာ လုံခြုံ​ရေး တင်းကြပ်ထားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံကနေ သိရပါတယ်။ မေ ၂၄ ရက် မနက်ပိုင်းမှာ စလင်းမြို့မရဲစခန်း ဗဟိုကင်း အဆောက်အဦ၊ ရုံးပေါင်းစုံနဲ့ လင်းဇင်းရဲစခန်းတို့ကို တိုက်ခိုက်ခံခဲ့ရတာပါ။ “စစ်ကောင်စီဘက်က အင်အားထပ်တိုးထားပြီး မြို့ပေါ်ကင်းပတ်စစ်ဆေးနေတယ်။ စစ်ရှောင်နေရတဲ့ ရွာတွေလည်း များပါတယ်။”…

မလေးရှား ဝန်ကြီးချုပ် အန်ဝါရဲ့ သမီး ဝန်ကြီးချုပ်အသစ် ဖြစ်လာဖွယ်ရှိ

ဂါဟိုးဘာရူး၊ မေ ၂၄ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်ရဲ့ သမီး နူရူ အီဇာဟာ အာဏာရ PKR ပါတီရဲ့ ဒုဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရပြီးနောက် ဖခင်ဖြစ်သူ အန်ဝါရဲ့နေရာကို ဆက်ခံမယ့်သူအဖြစ် ထွက်ပေါ်လာပါတယ်။ ဝန်ကြီးချုပ် အန်ဝါရဲ့ အကြီးဆုံးသမီး အသက် ၄၄ နှစ် အရွယ် အီဇာဟာ ပါတီ ဒုဥက္ကဋ္ဌ ရာထူးအတွက်…

ပြည်သူတွေအတွက် ဆန်အခက်အခဲ ချက်ချင်း ပြေလည်အောင် လုပ်ပေးမယ်လို့ ဂျပန်အစိုးရ ကတိပြု

တိုကျို၊ မေ ၂၄ စျေးပိုသက်သာတဲ့ နိုင်ငံခြား အမှတ်တံဆိပ်တွေကို ပြောင်းလဲ မသုံးစွဲစေရေး ဂျပန် စိုက်ပျိုးရေးဝန်ကြီး အသစ်က အစိုးရ သိုလှောင်ထားတဲ့ ဆန်တွေကို ဆိုင်တွေဆီ အလျင်အမြန် ပို့ဆောင်ပြီး လက်ရှိ စျေးနှုန်းထက် လျှော့ရောင်းပေးသွားမယ်လို့ မေ ၂၃ ရက်မှာ ကတိပေးလိုက်ပါတယ်။ အင်မတန် ပူပြင်းတဲ့ အပူချိန်နဲ့ နိုင်ငံခြားသား ဝင်ရောက်မှု ပိုများလာတာကြောင့်…

ဘုတ်ပြင်းမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ

ဘုတ်ပြင်း၊ မေ ၂၄ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲရှိ လေညာတပ်နယ်က လက်နက်ကြီး ပစ်ခတ်ရာကနေ တစ်မိုင်ခွဲကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက်…

ဘလယ်ဒိုစခန်းကို KNU ပြန်လည်သိမ်းပိုက်

ကော့ကရိတ်၊ မေ ၂၄ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် ဘလယ်ဒိုကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဘလယ်ဒိုစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အတည်ပြုထုတ်ပြန်ပါတယ်။ ဘလယ်ဒိုစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက မေ ၂၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ…

မွန်ပြည်သစ် AD နဲ့ MLA တို့ ပေါင်းစည်းပြီး ရာမညမွန်တပ်တော်ကို ဖွဲ့စည်း

မော်လမြိုင် ၊ မေ ၂၄ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပေါင်းစည်းပြီး တပ်ဖွဲ့နှစ်ခုကို ရာမညမွန်တပ်တော် RMA အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ နှစ်ဘက်အဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေး ရည်ရွယ်ချက်နဲ့ မေ ၂၄ ရက်နေ့မှာ…