May 2025

စစ်အာဏာသိမ်း (၁၅၇၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၁၉) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၃ AAPP ရဲ့ မေ ၂၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၇၂) ရက်အတွင်း ပြည်သူ (၆၇၁၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၇၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၀၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်လာနိုင်

မော်လမြိုင် ၊ မေ ၂၃ တိုင်းရင်းသားဒေသထဲက စစ်ကောင်စီရဲ့ တပ်စခန်းတွေ ဌာနချုပ်တွေ မြို့တွေဆုံးရှုံးဖို့ မရှိသေးတဲ့ မွန်ပြည်နယ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် တည်ငြိမ်မှုရှိအောင် လုံခြုံရေးတိုးမြှင့်နိုင်တယ်လို့ လေ့လာသူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ မေ ၂၀ ရက်နေ့က စစ်ကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်လို့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့ ရွေးကောက်ပွဲအောင်မြင်ရေး…

ကျိုက်ထိုမှာ စစ်ကောင်စီစစ်ကြောင်းက နေအိမ်ရာနဲ့ချီ ဖောက်ထွင်း

ကျိုက်ထို၊ မေ ၂၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နေ အိမ်ရာနဲ့ချီ ဖောက်ထွင်းထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေး မှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ကစလို့ ဝင်းကံကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာဘုန်းကြီးကျောင်းနဲ့…

ဘီးလင်းမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ဘီးလင်း၊ မေ ၂၃ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပဏ္ဍိကုန်းကျေးရွာမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်မှာ ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ပဏ္ဍိကုန်းကျေးရွာထဲကို လက်နက်ကြီး နှစ်လုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီး…

ထိုင်းမှာ ကိုဗစ် ကူးစက်ခံရသူ ၃၃၀၀၀ ကျော်ရှိလာ

ဘန်ကောက်၊ မေ ၂၂ ဘန်ကောက်မြို့မှာ Covid-19 ကူးစက်ခံရသူ ၆၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမှာ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၃၀၀၀ ကျော်အထိ မြင့်တက်လာကြောင်း ရောဂါထိန်းချုပ် ကာကွယ်ရေးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မေ ၁၁ ရက်ကနေ ၁၇ ရက်အထိ Covid-19 ကူးစက်ခံရသူ ၃၃၀၃၀ ဦးရှိပြီး အဲဒီကာလမတိုင်ခင် တစ်ပတ်ကထက်…

ကာတာက လက်ဆောင်ပေးတဲ့ သမ္မတထရန့် စီးနင်းမယ့် လေယာဉ်ကို အမေရိကန် လက်ခံရယူ

ဝါရှင်တန်၊ မေ ၂၂ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမာခံထောက်ခံသူ တချို့ကတောင် ဝေဖန်ခဲ့တဲ့ ကာတာနိုင်ငံက လက်ဆောင်ပေးတဲ့ Air Force One အဖြစ်သုံးမယ့် လေယာဉ်ကို အမေရိကန်က လက်ခံရယူလိုက်ပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောကြားလိုက်ပါတယ်။ ဖက်ဒရယ် စည်းကမ်းဥပဒေတွေနဲ့အညီ ကာတာက ပေးတဲ့ Boeing 747 လေယာဉ်ကို ကာကွယ်ရေးဝန်ကြီးဌာနက လက်ခံရယူပြီး…

ငါးလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ပညာရေးကဏ္ဍက လူပေါင်း ၅၀ ဦး သေဆုံး

ကော့ကရိတ်၊ မေ ၂၂ နိုင်ငံတဝန်းမှာ အခုနှစ်ငါးလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ပညာရေးကဏ္ဍက ဆရာဆရာ မနဲ့ ကျောင်းသူ ကျောင်းသား စုစုပေါင်း ၅၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မေ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ မေ ၂၁ ရက်နေ့အထိ…

မုန်းမြို့နယ်မှာ စစ်တပ်လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံး ငါးဦးဒဏ်ရာရ

မုန်း၊ မေ ၂၂ ပဲခူးတိုင်း မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အရပ်သားပြည်သူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မ ဟာ ၃ ခလယ်လွီထူခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့က မုန်းမြို့နယ် ငထွေစုတ်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး နှစ်လုံး…

ဝဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင် ပစ်သတ်ခံရ

ရန်ကုန်၊ မေ ၂၂ သံအမတ်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင်ကို ရန်ကုန်မြို့ရှိ သူရဲ့ နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Golden Valley Warriors က ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အေဝမ်းလမ်းက နေအိမ်မှာ နေထိုင်နေတဲ့ အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင်ကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Golden Valley…

စစ်အာဏာသိမ်း (၁၅၇၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၁၀) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၂ AAPP ရဲ့ မေ ၂၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၇၁) ရက်အတွင်း ပြည်သူ (၆၇၁၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၆၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၀၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…