April 2025

တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၃၀၀ ထက်မနည်း ဖမ်းဆီးခံရပြီး ၁၂ ဦး သတ်ဖြတ်ခံရ

တနင်္သာရီ၊ ဧပြီ ၂၃ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ၃၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thaninthatyi က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လတစ်လအတွင်း တနင်္သာရီတိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သားတွေ သေဆုံးခဲ့ရတာပါ။…

စစ်ကောင်စီ အပြင်ထွက်ခွင့်ပိတ်ထားတဲ့ ကော့ကရိတ်မြို့မှာ ကုန်ဈေးနှုန်းထိုးတက်လာ

ကော့ကရိတ်၊ ဧပြီ ၂၃ ကရင်ပြည်နယ် ကော့ကရိတ်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီတပ်က ပိတ်ထားလိုက်ပြီး မြို့ခံပြည်သူတွေကို အပြင်ထွက်ခွင့်မပေးဘဲ ပိတ်ထားလိုက်ချိန် မြို့ပေါ်မှာ စက်သုံးဆီနဲ့ ဆန်စတဲ့ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ကော့ကရိတ်မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်နဲ့ ကျုံဒိုးမြို့ အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော် လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲပြင်းထန်နေတဲ့အချိန် ပြီးခဲ့တဲ့…

ဒေါ်အောင်ဆန်းဆုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြု

ဝါရှင်တန် ဧပြီ ၂၂ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးအကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်မှာ ဖြစ်တဲ့အကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းက ကြေညာပါတယ်။ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုပွဲ အခမ်းအနားကိုတော့ အမေရိကန်ပြည်ထောင်စု ဟူစတန်မြို့မှာ မေ ၂၄ ရက်နေ့ ညနေပိုင်း ကျင်းပမယ်လို့ အဲဒီအဖွဲ့က ကြေညာထားတာပါ။ ၁၅ ကြိမ်မြောက်…

ယူကရိန်းကို နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်မပေးတဲ့ အမေရိကန်ကြောင့်ကျေနပ်မိတယ်လို့ ရုရှား ပြော

မော်စကို၊ ဧပြီ ၂၂ ယူကရိန်းကို နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်မပေးရေး အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် အစိုးရရဲ့ ရပ်တည်မှုကြောင့် ရုရှားအနေနဲ့ ကျေနပ်ရတယ်လို့ ကရင်မလင်နန်းတော်က ဧပြီ ၂၁ ရက်က ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ထရန့်က အခု သီတင်းပတ်အတွင်း ငြိမ်းချမ်းရေး သဘောတူညီမှု ရမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုမှုနဲ့ပတ်သက်လို့တော့ ကရင်မလင်က မှတ်ချက်မပေးပါဘူး။ ငြိမ်းချမ်းရေး…

အွန်လိုင်း လူလိမ်လုပ်ငန်းတွေ ကမ္ဘာတဝန်း ပျံ့နှံ့နေပြီလို့ ကုလ သတိပေး

ဂျီနီဗာ၊ ဧပြီ ၂၂ ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ အွန်လိုင်း လူလိမ်လုပ်ငန်း နယ်ပယ် နောက်ကွယ်ရှိ အာရှ ရာဇဝတ်ဂိုဏ်းတွေဟာ တောင်အမေရိကနဲ့ အာဖရိကအပါအဝင် ကမ္ဘာတဝန်းသို့ ပျံ့နှံ့လာနေပြီလို့ ကုလသမဂ္ဂရဲ့အစီရင်ခံစာ တစ်ရပ်မှာ သတိပေးထားပါတယ်။ အရှေ့တောင်အာရှမှာ စီးနင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုတွေကို မထိန်းချုပ်နိုင်ခဲ့ဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။ မကြာသေးခင် နှစ်တွေက အရှေ့တောင်အာရှမှာ…

ကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်အကြိုက်မလိုက်ကြဖို့ နိုင်ငံအများကို တရုတ်သတိပေး

ဘေဂျင်း၊ ဧပြီ ၂၂ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲမှာ အခြားနိုင်ငံတွေလည်း ပါဝင်လာချိန် တရုတ်က သူတို့ရဲ့ အကျိုးစီးပွားနစ်နာစေမယ့် အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီမှုတွေ ရယူကြမယ့် နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်သွားမှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။ အမေရိကန် အခွန်အတုပ်တွေ ကင်းလွတ်ခွင့်အတွက် အပြန်အလှန်အနေနဲ့ တရုတ်နဲ့ ကုန်သွယ်မှုကို ထိန်းချုပ်ရေး အစိုးရအဖွဲ့တွေကို အမေရိကန်က ဖိအားပေးသွားမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် ဘေဂျင်းက…

ရေဖြူတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

ရေဖြူ၊ ဧပြီ ၂၂ တနင်္သာရီတိုင်း ရေဖြူမြို့နယ် မင်းသားကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က ရေဖြူမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးအင်အားစုပူးပေါင်းတပ်တို့အကြား မင်းသားကျေးရွာအနီးမှာ…

မွန်၊ ကရင်နဲ့ PDF တပ်တွေ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်း

မော်လမြိုင်၊ ဧပြီ ၂၂ နွေဦးတော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်နေတဲ့ မွန်၊ကရင်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF လက် နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းနိုင်ခဲ့တယ်လို့ မဟာမိတ်အဖွဲ့တွေက ဧပြီ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က မွန်၊ကရင်နဲ့ PDF တပ်တွေက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြဖို့…

ကျိုက်ထီးရိုးလာတဲ့ ဘုရားဖူးတွေကို PDF တွေ ဖမ်းဆီးနေတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ကျိုက်ထီးရီုးစေတီတော်ကို ဘုရားဖူးလာတဲ့ ပြည်သူတွေအား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF တွေ ဖမ်းဆီးခဲ့တယ်”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှား ဖြန့်ချိနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

KNLA အခြေစိုက်စခန်းကို စစ်ကောင်စီ လေယာဉ် ဗုံးကြဲ

ကန်ချနဘူရီ ဧပြီ ၂၂ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ရဲ့ အခြေစိုက်စခန်း တစ်ခုကို မြန်မာစစ်ကောင်စီရဲ့ လေယာဉ်တစ်စီးက ဧပြီ ၂၁ ရက်မှာ ဗုံး ၁၀ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ပြီး ထိုင်းနယ်စပ်အထိ တိုက်ပွဲတွေ နီးကပ်လာပြီလို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။ မူအန်းခရိုင် ဘန်ဖူနမ်ရွမ်နယ်စပ်မှာရှိတဲ့ ရွာသားတွေဟာ တနင်္သာရီတိုင်း ထီးခီးရွာပေါ်မှာ ဖြတ်သန်းခဲ့တဲ့…