မကွေးတိုင်းရှိ ကပစ စက်ရုံ ၃ ခုကို လျှပ်စစ်ပေးနေတဲ့ ဓာတ်အားခွဲရုံ တိုက်ခိုက်ဖျက်ဆီးခံရ
မကွေး ဧပြီ ၇ မကွေးတိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ သုံးခုနဲ့ လေကြောင်းရန်ကာကွယ်ရေး ကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်တို့ကို လျှပ်စစ်ပေးနေတဲ့ ဓာတ်အားခွဲရုံကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဗမာ့တပ်တော် Bamar Army က ဧပြီ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ မကွေးတိုင်းအတွင်းရှိ ကပစ ၂၀၊ ၂၁၊ ၂၅ နဲ့ အမှတ် ၉…