ဘားအံ ဧပြီ ၁၆

ကရင်ပြည်နယ် ကျုံဒိုးမြို့အနီး ဒီနေ့ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မနက်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ် ဗုံးကြဲချမှုကြောင့် လေးတိုင်ကျေးရွာ အောင်ချမ်းသာဘုန်းကြီးကျောင်း ဗုံးထိမှန်ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျုံဒိုးမြို့အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို ဦးတည်ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးနဲ့ ဒရုန်းကြဲချတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်နေပြီး အရပ်သားပြည်သူအများအပြား ထိခိုက်သေဆုံး ဒဏ်ရာရရှိသွားခဲ့တာပါ။

ဒီကနေ့ မနက် ဒရုန်းကြဲချမှုအတွင်း ကျုံဒိုးမြို့အနီးက ကော့ဝါးလယ် ကျေးရွာထဲမှာလည်း ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိပေမယ့် နေအိမ်ကတော့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးနဲ့ ဒရုန်းကြဲချ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ကျုံဒိုးမြို့အနီးရှိ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ အပြင်ကိုထွက်မရဲကြဘဲ ဗုံးခိုကျင်းထဲ ပုန်းအောင်းနေထိုင်နေရသလို တချို့ဒေသခံတွေကတော့ တောတောင်ထဲ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Naw Htoo Htoo War

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.