April 16, 2025

စစ်ခေါင်းဆောင်နဲ့ အာဆီယံခေါင်းဆောင်တို့ တွေ့ဆုံမယ့်အပေါ် တော်လှန်ရေးအင်အားစုတွေ ကန့်ကွက်

ဘန်ကောက် ဧပြီ ၁၆ မြန်မာလူထုတွေကို နေ့စဉ်နဲ့အမျှ အကြမ်းဖက်ဖိနှိပ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်တို့ တွေ့ဆုံကြမယ့်အပေါ် NUG အပါအဝင် EAO တွေနဲ့ အင်အားစု တချို့က ကန့်ကွက်ကြောင်း ဒီနေ့မှာ သဘောထားထုတ်ပြန်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စစ်ခေါင်းဆောင်နဲ့ အာဆီယံခေါင်းဆောင်တို့ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စတွေကို…

ကော့ကရိတ်မြို့နယ်မှာ သင်္ကြန်အတက်နေ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင် ၁ ဦး သေဆုံး

ဘားအံ ဧပြီ ၁၆ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီတပ်က ဒီကနေ့ သင်္ကြန်အတက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးသွားခဲ့ပြီး အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုအပေါ် ကျန်ရစ်သူမိသားစုနဲ့ ထပ်တူ…

ကျုံဒိုးမှာ သင်္ကြန်အတက်နေ့ စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်း ထိမှန်ပျက်စီး

ဘားအံ ဧပြီ ၁၆ ကရင်ပြည်နယ် ကျုံဒိုးမြို့အနီး ဒီနေ့ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မနက်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ် ဗုံးကြဲချမှုကြောင့် လေးတိုင်ကျေးရွာ အောင်ချမ်းသာဘုန်းကြီးကျောင်း ဗုံးထိမှန်ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျုံဒိုးမြို့အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို ဦးတည်ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးနဲ့ ဒရုန်းကြဲချတိုက်ခိုက်မှုတွေ…

ကျုံဒိုးမှာ သင်္ကြန်ကာလ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦး သေဆုံး

ဘားအံ ဧပြီ ၁၆ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်ထဲမှာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သား ၁၆ ဦး သေဆုံးသွားခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU နယ်မြေ ကျုံဒိုးမြို့နယ် ကျုံဒိုး-ကော့ကရိတ် ကားလမ်းမတလျှောက်မှာရှိတဲ့ နွားခြံကုန်း၊…