ဘေဂျင်း၊ မတ် ၃၁

တောင်တရုတ် ပင်လယ်မှာ ရေနံတန်ချိန် သန်း ၁၀၀ အထက် ထွက်ရှိနိုင်တဲ့ ဧရာမ ရေနံသိုက် တစ်ခုကို တရုတ် အမျိုးသား ကမ်းလွန် ရေနံ ကော်ပိုရေးရှင်း CNOOC က ရှာဖွေတွေ့ရှိထားကြောင်း တရုတ် နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက မတ်လ ၃၁ ရက်က ဖော်ပြပါတယ်။

အသစ် ရှာဖွေတွေ့ရှိထားတဲ့ Huizhou 19-6 ရေနံသိုက်ဟာ တောင်တရုတ် ပင်လယ်ရဲ့ အငြင်းပွားနေတဲ့ ဒေသမှာ တည်ရှိတာ မဟုတ်ဘဲ ကမ်းရိုးတန်းကနေ ရေမိုင် ၂၀၀လောက် ရှည်တဲ့ တရုတ် အထူး စီးပွားရေးဇုန်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။

ရှန်ကျန်းမြို့ ကမ်းရိုးတန်းကနေ ၁၀၆ မိုင်အကွာမှာ ရှိတဲ့ အဲဒီရေနံသိုက်ဟာ ရေအနက် မီတာ ၁၀၀ လောက်မှာ ရှိနေတာ ဖြစ်တယ်လို့ ဆင်ဟွာ သတင်းမှာ ဖော်ပြထား ပါတယ်။

စမ်းသပ် တူးဖော်ရာမှာ နေ့စဉ် ရေနံစိမ်း ၄၁၃ စည်နဲ့ သဘာဝ ဓာတ်ငွေ့ ၆၈၀၀၀ ကုဗ မီတာ ထွက်ရှိနိုင်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆင်ဟွာက ဖော်ပြထား ပါတယ်။

အဲဒီလောက် နက်တဲ့ နေရာမှာ သက်ရောက်နေတဲ့ အပူချိန်နဲ့ ဖိအားကြောင့် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ရှာဖွေရေးအတွက် စိန်ခေါ်မှုတွေ ရှိတယ်လို့ သိရပါတယ်။

တရုတ်က သူတို့ရဲ့ စွမ်းအင် ဖူလုံရေး အတွက် ပြည်ပက တင်သွင်းမှု အပေါ် အားထားနေရမှုကို လျှော့ချ နိုင်ဖို့ ကြိုးပမ်းနေပေမယ့် သူတို့ရဲ့ ရေနံစိမ်း တင်သွင်းမှုဟာ လာမယ့်နှစ် နှစ်ဆန်းပိုင်း အထိ စံချိန်တင် မြင့်တက်ဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.