နေပြည်တော်၊ မတ် ၃၀
စစ်ကောင်စီက ကောက်ယူထားတဲ့ အချက်အလက်တွေအရ မတ်လ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်အထိ မြန်မာနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ပါတယ်။
ငလျင်ကြောင့် ဒဏ်ရာရရှိသူ ၂၄၀၀ နီးပါး ရှိပြီး ပျောက်ဆုံးနေသူ ၃၀ ဦး ရှိကြောင်းနဲ့ အသေးစိတ် စာရင်းတွေကို ဆက်လက်ကောက်ယူလျက်ရှိတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
မန္တလေးတိုင်းတစ်ခုတည်းမှာပဲ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၈၃၈ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၁၆၇၀ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့ နေ့လယ် တစ်နာရီအချိန်လောက်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တ လေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်းတို့မှာ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာပါ။
ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့တဲ့ အဲဒီဒေသတွေကို အရေးအပေါ် အခြေအနေအဖြစ် စစ်ကောင်စီက ကြေညာခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်နိုင်ပေမယ့် ငလျင်ဘေးကိုတော့ ပြင်ပအကူ အညီရယူဖို့ ဘယ်သူမဆို လာရောက်ကူညီဖို့ ဖိတ်ခေါ်ထားပါတယ်။
မိဘပြည်သူတွေအနေနဲ့ သဘာဝဘေးကြောင့်ဖြစ်လာတဲ့ ငလျင်ဒဏ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကျယ်ပြန့်စွာလုပ်ဆောင်ဖို့ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ စစ်ခေါင်း ဆောင်က မေတ္တာရပ်ခံထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ