March 26, 2025

ပင်လယ်နက်မှာ ရေတပ် အပစ်အခတ် ရပ်စဲရေး ယူကရိန်းနဲ့ ရုရှား သဘောတူ

ကိဗ်၊ မတ် ၂၆ ဆော်ဒီအာရေးဗီးယားမှာ သုံးရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပြီးနောက် အမေရိကန်နဲ့ သီးခြား သဘောတူညီမှုအတွင်း ရုရှားနဲ့ ယူကရိန်းတို့ဟာ ပင်လယ်နက်မှာ ရေတပ် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပါတယ်။ အရေးကြီးတဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်လာစေမယ့် သဘောတူညီမှုတွေကို ကြေညာရာမှာ ဝါရှင်တန်က သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ တာရှည်ခံတဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ရရှိရေး…

ဝန်ကြီးချုပ်အပေါ် အယုံအကြည် မရှိ အဆို ထိုင်းလွှတ်တော် ပယ်ချ

ဘန်ကောက်၊ မတ် ၂၆ မတ် ၂၅ ရက် မနက်ပိုင်းမှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာ ဝါထရာအပေါ် အတိုက်အခံတွေ တင်သွင်းတဲ့ အယုံအကြည် မရှိ အဆိုကို ထိုင်းလွှတ်တော်က ပယ်ချလိုက်ပါတယ်။ မနက် ၁၀ နာရီမှာ စတင်တဲ့ အစည်းအဝေးကို ထိုင်း လွှတ်တော်အမတ် ၄၇၈ ဦး တက်ရောက်ခဲ့ပြီး…

နှစ်ပေါင်း ၄၀ နီးပါးကြာ တပ်စွဲထားတဲ့ ခလယ်ဒေးစစ်တပ်စခန်းကို KNLA သိမ်းပိုက်

လှိုင်းဘွဲ၊ မတ် ၂၆ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ နှစ်ပေါင်း ၄၀ နီးပါးကြာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလယ်ဒေးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ မတ်လ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ခလယ်ဒေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၂၂ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မတ်လ…

ရာမညစစ်ကြောင်းရဲ့ လက်ရှိလှုပ်ရှားမှု အခြေအနေနဲ့ နိုင်ငံရေးအခြေအနေ တုံ့ပြန်ချက်

“မတ် ၂၄ ကနေ ၂၆ အထိ စကစရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလိုပဲ။ ဧပြီ ၂ ရက်နေ့က ၅ ရက်နေ့အထိ ကျင်းပမယ့် အစည်းအဝေးကလည်း ဒေသအတွင်းတည်ငြိမ်ရေးတို့ တော်လှန်ရေးအတွက် ထူးခြားတဲ့သက်ရောက်မှုတွေ ရှိလာမှာ မဟုတ်ဘူး” – ဒေါက်တာသီရိမွန်ချမ်း (ရာမညစစ်ကြောင်း ပြောခွင့်ရသူ) မွန်လက်နက်ကိုင်တော်လှန်ရေး လေးဖွဲ့ကနေ ပူးတွဲထားတဲ့ ရာမညစစ်ကြောင်းဟာ မကြာသေးမီ ရက်ပိုင်းတုန်းက…

စစ်ကောင်စီတပ်သား နှစ်ဦး ဒေါနတပ်ရင်းထံ အလင်းဝင်

တနင်္သာရီ၊ မတ် ၂၆ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အခြေစိုက် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သား နှစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ဒေါနတပ်ရင်းထံကနေ သိရပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီး တာဝန်ထမ်းဆောင်နေတဲ့ တပ်သား နှစ်ဦးဟာ မတ်၂၅ ရက်နေ့မှာ ဒေါနတပ်ရင်း ဗျူဟာ(၃၃)နယ်မြေအတွင်းသို့ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်လာခဲ့တာပါ။ အလင်းဝင်လာတဲ့ တပ်သားနှစ်ဦးဟာ တပ်သား…

အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို စစ်ရေးပစ်မှတ်အဖြစ် တပ်လော်ဘီတွေဝါဒဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“နောင်ချိုမြို့နဲ့ မကွေးတိုင်း မြိုင်အနီးတဝိုက်ရှိ ကျေးရွာတွေဟာ တော်လှန်ရေးအင်းအားစုတွေ ကြီးစိုးရာ ဖြစ်တဲ့အတွက် ဗုံးကြဲနိုင်ဖို့ မြေပုံအညွှန်း၊ ကျေးရွာအမည်အတိအကျနဲ့ PDF တွေ နေထိုင်ရာ နေရာတွေ ဖြစ်တယ်”ဆိုပြီး…

ဗုံးကြဲခံရတဲ့ နှမ်းခါးရွာဆေးပေးခန်းဟာ လက်နက်ရုံလို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ နှမ်းခါးရွာဆေးပေးခန်းကို ဗုံးကြဲတာမဟုတ်ဘဲ နှမ်းခါးရွာအတွင်းရှိ လက်နက်စတိုခန်းကို ဗုံးကြဲခြင်းသာဖြစ်တယ်”စစ်ကောင်စီတပ်လော်ဘီတွေ သတင်းအမှား ဖြန့်ချိနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

စစ်အာဏာသိမ်း (၁၅၁၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၄၄၈) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၂၆ AAPP ရဲ့ မတ် ၂၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၁၄) ရက်အတွင်း ပြည်သူ (၆၄၄၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၉၃၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၉၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်ကောင်စီနဲ့ အပေါင်းအပါတွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တော်လှန်ရေးခေါင်းဆောင်တွေဝေဖန်

နေပြည်တော် ၊ မတ် ၂၆ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်ကောင်စီဦးဆောင်ကျင်းပတဲ့ ၂၀၂၅ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ပြည်သူလူထုအကျိုးထက် စစ်အာဏာရှင်သက်ဆိုးရှည်ရေးသာဖြစ်တယ်လို့ တော် လှန်ရေးခေါင်းဆောင်တွေက ဝေဖန်ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကာလကို စစ်ခေါင်းဆောင် ထုတ်ပြောပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြားက နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်းစဉ်နဲ့ မတ် ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပနေတာပါ။ နိုင်ငံရေးနဲ့ လုံခြုံရေးအပါအဝင် စီးပွားရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့…

ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ထားတယ်လို့ စစ်ခေါင်းဆောင်ထုတ်ပြော

နေပြည်တော် ၊ မတ် ၂၆ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်တွေထဲမှာ ပြည်ထဲရေးနဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ထားတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မတ် ၂၄ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ထားကြောင်း ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်က…