March 20, 2025

အမေရိကန် ပညာရေးဝန်ကြီးဌာနကို ထရန့် ပိတ်သိမ်းဖို့ ပြင်ဆင်

ဝါရှင်တန်၊ မတ် ၂၀ မဲဆွယ်စဉ်က ပေးခဲ့တဲ့ ကတိအတိုင်း ပညာရေးဝန်ကြီးဌာနကို ပိတ်သိမ်းမယ့် အထူးအမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က မတ်၂၀ ရက်မှာ လက်မှတ်ရေးထိုးသွားမှာ ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောလိုက်ပါတယ်။ အဲဒီဌာနကို ထရန့်အစိုးရက မဖျက်သိမ်းရေးနဲ့ ဝန်ထမ်း ထက်ဝက် နီးပါးကို မထုတ်ပယ်စေရေး ဒီမိုကရက်ပြည်နယ်အစိုးရ ရှေ့နေချုပ်တွေက ပြီးခဲ့တဲ့သီတင်းပတ်မှာ တရားစွဲဆိုခဲ့ပြီး စိန်ခေါ်ထားပါတယ်။…

ရုရှားနဲ့ ယူကရိန်း စစ်အကျဉ်းသား ၃၇၂ ဦး အပြန်အလှန် လဲလှယ်

ကိဗ်၊ မတ် ၂၀ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုကြောင့် ရုရှားနဲ့ယူကရိန်းတို့ စစ်အကျဉ်းသား ၃၇၂ ဦးကို လဲလှယ်ခဲ့ကြကြောင်း နှစ်ဖက်အစိုးရတို့က မတ် ၁၉ ရက်မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။ ၂၀၂၂ နှစ်ဆန်းပိုင်းက ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း စစ်အကျဉ်းသားတွေနဲ့ ကျဆုံးသွားတဲ့ စစ်သားတွေရဲ့ ကြွင်းကျန်ရစ်တဲ့…

စစ်မှုထမ်းမှားယွင်းစုဆောင်းခဲ့သူတွေကို အရေးယူနေတယ်လို့ စစ်ကောင်စီပြော

နေပြည်တော် မတ် ၂၀ တပ်မတော်အနေနဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်တွေကို စစ်မှု ထမ်းလုံးဝစုဆောင်းခြင်းမပြုဖို့နဲ့ အကြောင်းအမျိုးမျိုးနဲ့ မှားယွင်းစုဆောင်းခဲ့သူတွေ ရှိပါကလည်း အမြန်ဆုံးထွက်ခွင့်ပြုနေတယ်လို့ စစ်ကောင်စီကပြောပါတယ်။ ဒီကနေ့မှာပြုလုပ်ခဲ့တဲ့ တပ်မတော်အတွင်းမှ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ပြန် လည်နုတ်ထွက်ခွင့်ပြုပြီး မိဘများထံလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားမှာ စစ်ကောင်စီတာဝန်ရှိသူတွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အရွယ်မရောက်သေးသူ ကလေးသူငယ်စစ်သည်တွေ တပ်မတော်အတွင်းမှာ လုံးဝမကျန်ရှိစေဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မှားယွင်းစုဆောင်းမိခဲ့တဲ့…

ကျိုက်မရောထောင်မှာ ထောင်ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု ပိုမိုဆိုးရွားလာ

ကျိုက်မရော၊ မတ် ၂၀ မွန်ပြည်နယ် ကျိုက်မရောအကျဉ်းထောင်ရှိ စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင် ဝန် ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု ပိုမိုဆိုးရွားလာတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP က မတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကျိုက်မရောထောင်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ထောင်ဝန်ထမ်း ပွင့်ဖြူဝင်းနဲ့ တပ်သား မြင့်မြင့်ထွန်းတို့ဟာ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပေးပို့လာတဲ့ အပ်ငွေတွေအပေါ် တစ်သိန်းလျှင် ကျပ်နှစ်သောင်း၊ သုံးသိန်းလျှင်…

လက်ပံလှရွာ ဗုံးကြဲမှု PDF အများအပြား သေဆုံးတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် PDF အများအပြားသေဆုံးတယ်”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှား ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေဖြစ်တဲ့ Snow…