မကွေး မတ် ၁၂
မကွေးတိုင်း ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ မီးလောင်ကျွမ်းနေပြီး တစ်ရွာလုံးနီးပါ မီးလောင်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မတ် ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က မီးဟာ မုန်းဇလဲကျေးရွာ အနောက်တောင်ဘက်ကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး လေတိုက်နှုန်းမြင့်တာကြောင့် တစ်ရွာလုံးနီးပါး မီးကူးသွားတာဖြစ်တယ်လို့ သိရပါတယ်။

“ရွာနောက်တောင်ဖက် နတ်စင်ကုန်းကနေ စပီးလောင်တာ။ အနောက်ရမ်း လေကလည်းတိုက်နေတော့ မနိုင်တော့တာ။ ဆီပေပါတွေလည်း ငါးလုံးလောက် ထ ထပေါက်တယ်။ ရွာလုံးကျွတ်မယ့်သဘော။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိညနေ ၄ နာရီ ၃၀ မိနစ်အထိ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး မီးသတ်ကားတွေရောက်လာပေမဲ့ မီးခိုးတွေနဲ့ပိတ်နေတာကြောင့် ရွာထဲဝင်ရောက် မငြိမ်းသတ်နိုင်သေးဘူးလို့သိရပါတယ်။
အိမ်ခြေ ၇၀၀ ကျော်နဲ့ လူဦးရေ ၃၀၀၀ ကျော်ရှိတဲ့ မုန်းဇလဲကျေးရွာကမီးလောင်ကျွမ်းမှုဟာ ပေါ့ဆမီးလို့ ဒေသခံတွေက ယူဆနေကြပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ