March 12, 2025

အာရှမှာ ICC ရဲ့ ဖမ်းဆီးတရားရင်ဆိုင်ခံရမှု ဒူတာတေးပထမ မင်းအောင်လှိုင်ဒုတိယလား

နေပြည်တော် ၊ မတ် ၁၃ လူသေဆုံးမှုများပြားခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေနဲ့ပတ်သက်လို့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးဟာ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ရဲ့ ဖမ်းဝရမ်းထုတ်မှုအရ မတ် ၁၁ ရက်နေ့မှာ နိုင်ငံတွင်းမှာပဲ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ဟောင်ကောင်ကနေ ပြန်လာချိန် မနီလာမြို့ရှိ နိုင်ငံတကာလေဆိပ်မှာ တရားဝင် ဖမ်းဝရမ်းမိတ္တူနဲ့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဒူတာတေးကို ဖမ်းဆီးခဲ့ပြီး ICC ရုံးစိုက်ရာ…

ရွေးကောက်ပွဲအကူအညီပေးရေး တရုတ်က စစ်ခေါင်းဆောင်နဲ့ လာရောက်ဆွေးနွေး

နေပြည်တော် ၊ မတ် ၁၃ ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကာလကို ထုတ်ပြောပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက အပြုသဘောဆောင်တဲ့ ပူးပေါင်းမှုတွေအတွက် မတ် ၁၁ ရက်နေ့မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဘယ်လာရုစ်ခရီးစဉ်အတွင်း အထွေထွေရွေး ကောက်ပွဲကို အခုနှစ် ဒီဇင်ဘာ ဒါမှမဟုတ် နောက်နှစ် ဇန်နဝါရီ အစောပိုင်းမှာ ကျင်းပဖို့စီစဉ်ထားတယ်လို့ ထုတ်ပြောထားတာပါ။…

ဘုတ်ပြင်းမှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်

ဘုတ်ပြင်း၊ မတ် ၁၃ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ယုဇနဆီအုန်းကုမ္မဏီပိုင် ဧက ၃၀၀လုပ်ကွက်အနီး ဆီအုန်းခြံအ တွင်းမှာ ဆီအုန်းခြံလုပ်သား အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက် ပြတ်သွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ မတ် ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ ဆီအုန်းခြံလုပ်သား အသက် ၅၂ နှစ်အရွယ် အမျိုး သမီးကြီးဟာ ဆီအုန်းခြံအတွင်း…

ဘီးလင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း လူငယ် ၂၀ နီးပါးဖမ်းဆီးခံရ

ဘီးလင်း ၊ မတ် ၁၃ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဒေသခံလူငယ် ၂၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အ များစုဟာ မိသားစုနဲ့ လုံးဝအဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ မြို့ပေါ် ရပ်ကွက်ထက် ကျေးရွာတွေက လူငယ်တွေအများဆုံး ဖြစ်ပြီး လမ်းပေါ်သွားလာရင်း ဖမ်းဆီးခံရတာရှိသလို တချို့ တွေကိုတော့…

ပွင့်ဖြူ မုန်းဇလဲကျေးရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းနေ

မကွေး မတ် ၁၂ မကွေးတိုင်း ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ မီးလောင်ကျွမ်းနေပြီး တစ်ရွာလုံးနီးပါ မီးလောင်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မတ် ၁၂ ရက်​​ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က မီးဟာ မုန်းဇလဲကျေးရွာ အနောက်တောင်ဘက်ကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး လေတိုက်နှုန်းမြင့်တာကြောင့် တစ်ရွာလုံးနီးပါး မီးကူးသွားတာဖြစ်တယ်လို့ သိရပါတယ်။ “ရွာနောက်တောင်ဖက် နတ်စင်ကုန်းကနေ စပီးလောင်တာ။ အနောက်ရမ်း…

ရုရှားနဲ့ ရက် ၃၀ ကြာ အပစ်ရပ်ဖို့ ယူကရိန်း အသင့်ရှိ

ဂျက်ဒါ၊ မတ် ၁၂ ဆော်ဒီအာရေးဗီးယားမှာ အမေရိကန်နဲ့ယူကရိန်း ဆွေးနွေးပြီး တစ်ရက်အကြာ အမေရိကန် အဆိုပြုထားတဲ့ ရုရှားနဲ့ ရက် ၃၀ ကြာ ချက်ချင်း အပစ်ရပ်ရေး သဘောတူညီမှုကို လက်ခံဖို့ အသင့်ရှိတယ်လို့ ယူကရိန်းက ပြောကြားလိုက်ပါတယ်။ ဒီကမ်းလှမ်းမှုကို ရုရှားဆီ တင်ပြသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုက ပြောကြားပြီး ရုရှားအပေါ်…

တောင်တရုတ်ပင်လယ်အရေး ရန်မစဖို့ ဗြိတိန်ကို တရုတ် သတိပေး

ဘေဂျင်း၊ မတ် ၁၂ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်တွင်း တရုတ်ရဲ့ လုပ်ရပ်တွေဟာ အန္တရာယ်များပြီး မတည်မငြိမ် ဖြစ်စေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီက ပြောကြားလိုက်ပြီးနောက် တင်းမာမှုတွေ မြင့်တက်အောင် ရန်မစဖို့ ဘေဂျင်းက လန်ဒန်အစိုးရကို မတ် ၁၁ ရက်မှာ သတိပေးလိုက်ပါတယ်။ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ပိုင် သင်္ဘော တစ်စီးနဲ့အတူ တစ်စိတ်တစ်ပိုင်း ရိုက်ထားတဲ့…

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အရပ်ဘက်အဖွဲ့တွေ လက်မခံ

ရေဖြူ၊ မတ် ၁၂ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို စစ်ကောင်စီက ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေတဲ့အပါ် ကန့်ကွက်ရှုတ်ချကြောင်း တနင်္သာရီအခြေစိုက် အရပ်ဘက်အဖွဲ့တွေနဲ့ နိုင်ငံရေးအင်အားစု ၁၁ ဖွဲ့က မတ် ၁၀ ရက်နေ့မှာ သဘောထားထုတ်ပြန်လာပါတယ်။ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံတွေ ပါဝင်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု…

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ လားရာ

“ဒီလို အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံခြင်းသည် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခကို ပိုမိုကြီးထွားအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်တဲ့အတွက် သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ တရားမဝင်ပါဘူး” – နိုင်အဲမွန် (မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း) အခုနှစ် ဒီဇင်ဘာ ဒါမှမဟုတ် နောက်နှစ် ဇန်နဝါရီ အစောပိုင်းမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လာရုစ် ခရီးစဉ်မှာ ထုတ်ပြောခဲ့ပါတယ်။…

ထားဝယ်မြစ်မှာ စစ်ကောင်စီတပ်လှေ တိုက်ခိုက်ခံရလို့ ၂၀ ထက်မနည်း သေဆုံး

ထားဝယ်၊ မတ် ၁၂ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်မြစ်ချောင်းအတိုင်း ဆင်းလာတဲ့ စစ်ကောင်စီတပ် လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုထံက သိရပါတယ်။ အင်အား ၆၀ ဝန်းကျင်နဲ့ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ဆိပ်ကမ်းဘက်ကို ထားဝယ်မြစ်ကြောင်းအတိုင်း ဆင်းလာတဲ့ စစ်ကောင်စီတပ်လှေတစ်စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မတ် ၁၀ ရက်နေ့ ည…