မော်လမြိုင်၊ မတ် ၁
နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ တစ်ရာကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီ လက်ချက်ကြောင့် အမျိုးသမီး ၅၃ ဦးနဲ့ အမျိုးသား ၅၃ ဦး စုစုပေါင်း ၁၀၆ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၆ ဦး ပါဝင်ပြီး သေဆုံးသူတွေအနက် မကွေးတိုင်းမှာ ၂၇ ဦးနဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်တိုင်းမှာ ၂၆ ဦးနဲ့ ဒုတိယအများဆုံးဒေသ ဖြစ်ပါတယ်။
သေဆုံးသူတွေထဲက အရပ်သား ၇၆ ဦးဟာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အများဆုံးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း လေးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူ ခြောက်ထောင်ကျော် သေဆုံးခဲ့တယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media