ဘီးလင်း၊ ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ် ဘီးလင်းမြို့နယ် သပြေနီကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ သံတံတားစစ်ဆေးရေးဂိတ်မှာ ခရီးသွားလူငယ် ၁၅ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ မောင်းနှင်လာတဲ့ ခရီးသွားကား တစ်စီးကို သံတံတားစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တားဆီးပြီး ကားပေါ်ပါလာတဲ့ လူငယ် ၁၅ ဦးကို ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကတ္တရာလမ်းပေါ်မှာ မှောက်ခိုင်းစစ်ဆေးပြီးနောက် ဖမ်းဆီးခဲ့ကာ အဲဒီနောက်မှာတော့ ခရီးသွားကားကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံရတဲ့ လူငယ်တချို့ ပစ်သတ်ခံတာတွေ ရှိနေတယ်လို့ ဆိုကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ ဘီးလင်းနယ်ခံတွေ မဟုတ်ဘဲ ကျားဖြန့်လုပ်ငန်းတွေကို ပိတ်ဆို့ဖမ်းဆီးနေတာကြောင့် မြဝတီကနေ ပြန်ဆင်းလာတဲ့ လူငယ်တွေ ဖြစ်ကြပြီး ရန်ကုန်ဘက်ကို သွားကြမယ့်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဘီးလင်းမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း လမ်းသွားလမ်းလာလူငယ်တွေကို စစ်ကောင်စီက ဖမ်း ဆီးပြီး စစ်မှုထမ်းသင်တန်းတွေထံ ပို့ဆောင်တာနဲ့ ခြိမ်းခြောက်ငွေညှစ်တာတွေ ရှိနေတယ်လို့ ဒေ သခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ