မော်လမြိုင် ၊ ဖေဖော်ဝါရီ ၈
တရားဥပဒေနဲ့ မညီတဲ့ မြန်မာစစ်အုပ်စုက ၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအမည်ခံ အစီ အစဉ်တွေကို ပြတ်ပြတ်သားသား ငြင်းပယ်တယ်လို့ နိုင်ငံတကာာ ရွေးကောက်ပွဲစောင့်ကြည်လေ့ လာရေးနဲ့ အကူအညီပေးရေးအဖွဲ့တွေက ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပူးတွဲကြေညာပါတယ်။
စစ်မှန်တဲ့ ရွေးကောက်ပွဲတွေဟာ တရားဝင်မှုရှိတဲ့အုပ်ချုပ်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ မြန်မာလူထုရဲ့ဆန္ဒကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ပေးတဲ့ ပွင့်လင်းပြီး ယှဉ်ပြိုင်မှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခု လို အပ်တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာမြန်မာစစ်အုပ်စုက စစ်အာဏာသိမ်းမှုကျူးလွန်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရနဲ့လွှတ်တော်တွေဆီက အကြမ်းဖက်အာဏာလုယူခဲ့တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။
စစ်အုပ်စုက အကြမ်းဖက်လုပ်ရပ်တွေ အတင်းအဓမ္မ နေရပ်ရွှေ့ပြောင်းစေမှုနဲ့ နိုင်ငံရေးလွတ်လပ် ခွင့်တွေအပေါ် ဖိနှိပ်မှုတွေ တရစပ်ကျူးလွန်နေတာဟာ လေးနှစ်တာရောက်ရှိလာချိန်မှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို ကြီးကြီးမားမား ရင်ဆိုင်ကြုံတွေ့နေတဲ့ နေရာတစ်ခု ဖြစ် လာတာပါ။
အတိုက်အခံနိုင်ငံရေးပါတီတွေကို ပိတ်ပင်တဲ့ ပြင်းထန်တဲ့ဥပဒေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအကျဉ်းချတာ သတင်းမီဒီယာတွေကို ပြင်းထန်စွာ ကန့်သတ်တားမြစ်မှုတွေ ရှိနေပါတယ်။
ဒါ့အပြင် မဲစာရင်းအတွက် အခြေခံအဖြစ် စစ်အုပ်စုက ကောက်ခံထားတဲ့ ယုံကြည်ဖွယ်ရာမရှိတဲ့ သန်းခေါင်စာရင်းကောက်ယူမှုတို့ အပါအဝင် လက်ရှိအခြေအနေအောက်မှာ စစ်မှန်တဲ့ရွေးကောက် ပွဲတစ်ခု ကျင်းပဖို့မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ဒီလိုမျိုး အခြေအနေအောက်မှာ ကျင်းပမယ့်ရွေးကောက်ပွဲဟာဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများဆိုင်ရာ နိုင်ငံတကာစံသတ်မှတ်ချက်တွေ ဒါမှမဟုတ် ရွေးကောက်ပွဲ သမာသမတ်ကျမှုအတွက် ကတိကဝတ်တွေနဲ့အညီ ဖြစ်လာနိုင်ဖို့မရှိဘူးလို့ ထောက်ပြပါတယ်။
ဒါကြောင့် စစ်ကောင်စီက ပြုလုပ်မယ့် အဲဒီလုပ်ငန်းစဉ်ဟာ တရားမဝင်အစိုးရတစ်ရပ်ကို အုတ်မြစ် ချပြီး တရားဝင်မှုရှိလာအောင် ကြိုးပမ်းမှုတစ်ခုထက် မပိုတဲ့အတွက် နိုင်ငံတကာအနေနဲ့ ဘယ်လိုမျိုး နည်းပညာအထောက်အကူပစ္စည်း နိုင်ငံရေးအရ ပံ့ပိုးမှုမပေးဖို့ တိုက်တွန်းတာပါ။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကာကွယ်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး၊ ၂၀၂၂ ခုနှစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ ကို အကောင်အထည်ဖော်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ တိုးမြှင့်ကြိုးပမ်းကြဖို့ ထပ်မံတောင်းဆိုတာ တွေ့ရပါတယ်။
မိမိတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ တရားဝင်မှုရှိတဲ့ကြားကာလအစိုးရ အင်စတီကျူးရှင်းတွေကို ထောက် ခံပံ့ပိုးရေး ပြတ်ပြတ်သားသား ဆောင်ရွက်ကြဖို့နဲ့ မြန်မာလူထုရဲ့ အသံကို မြှင့်တင်ပေးဖို့ ကြေညာ ချက်မှာ ကမ္ဘာ့လူမှုအသိုက်အဝန်းကို တိုက်တွန်းတာပါ။
ကြေညာချက်ကိုတော့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲဆိုင်ရာအကူအညီပေးရေး နိုင်ငံတကာအဖွဲ့အ စည်း (International IDEA)၊ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ယက် (ANFREL )နဲ့ ကလပ်ဒီမက်ဒရစ်အသင်း (Club de Madrid) တို့ ပူးတွဲထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI