ကျိုက်ထို၊ ဖေဖော်ဝါရီ ၈
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်ကျေးရွာတွေမှာ စစ်ကောင်စီဘက်က စစ်မှုထမ်းဆင့်ခေါ်မှုတွေ စတင်လုပ်ဆောင်နေပြီး ဆင့်ခေါ်စာရသူတွေ ၁၅ ရက်အတွင်း သတင်းပို့ဖို့ ညွှန်ကြားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နဲ့သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး စစ်မှုထမ်းဆင့်ခေါ်စာတွေကို နေ အိမ်တွေထံ လိုက်လံပို့ဆောင်နေတာပါ။
စစ်မှုထမ်းဆင့်ခေါ်စာမှာ ၁၅ ရက်အတွင်း မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို မပျက်မကွက် သ တင်းပို့ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ကျိုက်ထိုဒေသခံတွေရဲ့ ပြောပြချက်အရ စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် တစ်ရပ်ကွက်လျှင် အ နည်းဆုံး လူငါးဦးနှုန်းဆင့်ခေါ်စာ ပေးပို့လာတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်မှုထမ်းဆင့်ခေါ်စာရတဲ့ လူငယ်အများစု ကြိုတင်တိမ်းရှောင်တာတွေ ရှိနေပြီး ကျန်တဲ့လူငယ်တချို့က အခြေအနေစောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းနည်းဥပဒေအရ စစ်မှုထမ်းဖို့ အသက်အရွယ်ရောက်သူတိုင်းဟာ မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်တဲ့အခါ လာရောက်ဖို့ ပျက်ကွက်ရင်တော့ မိသားစုထံ စုံစမ်းစစ်ဆေးမှာဖြစ်သလို ပျက် ကွက်သူဟာ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်းဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း မဖြစ်မနေအနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။
အဲဒီဥပဒေဟာ နည်းဥပဒေမပြဌာန်းခင်ကတည်းက စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တွေက နည်းမျိုးစုံသုံးပြီး တပ်သားစုဆောင်းကာ စစ်မှုထမ်းအခြေခံစစ်သင်တန်း အပတ်စဉ် ၉ အထိ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ