နေပြည်တော်၊ ဖေဖော်ဝါရီ ၄
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အ စည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးမှုတွေ ဆောင်ရွက်နိုင်ရေး လုံခြုံရေးနဲ့ တည် ငြိမ်အေးချမ်းမှုရှိဖို့ လိုအပ်သလို နိုင်ငံတော်အပိုင်းကလည်း လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ဥ ပဒေနဲ့အညီ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ၊ တာဝန်ရှိသူတွေအနေနဲ့ ရွေးကောက်ပွဲနဲ့သက် ဆိုင်တဲ့ ဥပဒေတွေကို စေ့စပ်ကျယ်ပြန့်စွာ လေ့လာထားဖို့နဲ့ နိုင်ငံရေးပါတီတွေဘက်ကလည်း လို အပ်တာတွေကို ကြိုတင်ပြင်ဆင်ထားရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒီအစည်းအဝေးအတွင်း စစ်ခေါင်းဆောင်က လာမယ့်ရွေးကောက်ပွဲမှာ မဲမသမာမှု မရှိစေရေးအ တွက် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုသွားမယ်လို့ ထပ်မံပြောဆိုသွားပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ရဲ့ အချက်အလက်တွေအရ စစ်ကောင် စီ ကျင်းပမယ့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားခဲ့တဲ့ ပါတီတွေထဲမှာ ပါတီ ၅၃ ပါတီကို မှတ်တင်ခွင့် ပြုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CINCDS