ဘီးလင်း၊ ဖေဖော်ဝါရီ ၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါဇံကြီးကျေးရွာကို ဇန်နဝါရီ ၃၁ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီတပ်က အသေခံဒရုန်း ၆ စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင်ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖာပွန်အခြေစိုက် စစ်ကောင်စီတပ်ကနေ တိုက်ပွဲမရှိဘဲ ဒေါဇံကြီးကျေးရွာထဲကို မနက် ၇ နာရီအချိန်ခန့်မှာ အသေခံဒရုန်း ၅ စီးနဲ့ တစ်ကြိမ်၊ ညနေ ၄ နာရီအချိန်ခန့်မှာ အသေခံဒရုန်း နောက်တစ်စီးနဲ့ တစ်ကြိမ်၊ စုစုပေါင်း အသေခံဒရုန်း ၆ စီးနဲ့ တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီ တိုက်ခိုက်ခဲ့တဲ့ အသေခံဒရုန်း ၆ စီးထဲမှာ ၃ စီးသာ ကျေးရွာဘုန်းကြီးကျောင်းနဲ့ ကျေး ရွာအနီးပတ်ဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာမရှိပေမယ့် ကွမ်းပင်တ ချို့ ပျက်စီးခဲ့ပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုဟာ အရပ်သားပြည်သူတွေအပေါ် တမင်ရည်ရွယ်တိုက်ခိုက်မှု ဖြစ်တယ်လို့ ပဒိုစောအေးနိုင်က ဝေဖန်ပါတယ်။

အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဒေါဇံကြီးကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ် မဟာ ၁ သထုံခရိုင် အုပ်ချုပ်နယ်မြေက ကျေးရွာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၂၅၀ ကျော်ရှိတဲ့ ဒေါဇံကြီးကျေးရွာက ဒေသခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေမှာ ယာယီတိမ်းရှောင်နေရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် တဂေးလောင်းကျေးရွာ စာသင် ကျောင်းကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းဆောင်အဆောက် အဦးတချို့ ထိမှန်ပျက်စီးခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.