မုဒုံ၊ ဇန်နဝါရီ ၁၄

မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းနဲ့ကွမ်လှာကျေးရွာကြား မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က သတင်းထုတ်ပြန်ပါတယ်။

မုဒုံမြို့နယ်ကနေ သံဖြူဇရပ်မြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကားသုံးစီးပါ စစ်ကောင်စီယာဉ်တန်းကို မနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ သတင်းအရ သွားရောက်စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးသေဆုံးကြောင်း စုံစမ်းသိရှိထားရပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ NMSP AD ပြောခွင့်ရ နိုင်ကောင်းစကားက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် သံဖြူဇရပ်အခြေစိုက် စစ်ကောင်စီတပ် ရင်းတွေကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

NMSP AD ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကျိုက်မရောမြို့နယ်ရှိ ရဲစခန်းနှစ်ခုကိုဒရုန်းနဲ့သွား ရောက်တိုက်ခိုက်ခဲ့ကာ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.