မော်လမြိုင်၊ ဇန်နဝါရီ ၁၄

အခုနှစ် ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတွေကို ဆက်သွယ်အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး ရှိတယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် လဂွန်းပျိုစခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာသလို မကွေးတိုင်း ဆောမြို့မရဲစခန်းက စစ်ကောင်စီတပ်သားငါးဦးနဲ့ ရဲတပ် သားနှစ်ဦးတို့လည်း အလင်းဝင်လာခဲ့တာပါ။

ဒါ့အပြင် ပခုက္ကူမြို့နယ် မြစ်ခြေမြို့အခြေစိုက် BPI မွေးမြူရေးစခန်းက စစ်ကောင်စီတပ်သား နှစ်ဦးကလည်း စစ်လက်နက်ပစ္စည်းတွေ အလင်းဝင်ခဲ့ပြီး စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရှီမ္မကာကျေး ရွာမှာ ယာယီအခြေပြုနေတဲ့ ခမရ ၁၃ တပ်ရင်းက ပြည်သူ့စစ်နှစ်ဦးလည်း အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့အခြေစိုက် အမှတ် ၅၅၉ ခြေမြန်တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေရတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သား နှစ်ဦးလည်း လက်နက်ခဲယမ်းတွေနဲ့အတူ အ လင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။

NUG ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဒီဇင် ဘာလအတွင်း အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ စစ်ကောင်စီတပ် သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၅,၀၀၀ နီးပါး ရှိလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.