ကျောက်ကြီး၊ ဇန်နဝါရီ ၁၀

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ကျောက်ကြီးမြို့နယ်မှာ နှစ်ပေါင်း ၅၀ နီးပါး တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခူသေစိုးတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ခူသေစိုးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဇန်နဝါရီ ၆ ရက်နေ့မှာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးပြီး ထွက်ပြေးလွတ်မြောက်သွားသူတချို့ ရှိကာ စခန်းအတွင်းကနေ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခူသေစိုးတပ်စခန်း သိမ်းပိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU
ပုံစာ – ခူသေစိုးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ရရှိစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.