January 10, 2025

စစ်အာဏာသိမ်း (၁၄၄၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၁၃၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၁ AAPP ရဲ့ ဇန်နဝါရီ၁၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၄၀) ရက်အတွင်း ပြည်သူ (၆၁၃၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၁၈၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၀၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက်လာ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၁ မီးလင်းအခေါက်ရွှေ တစ်ကျပ်သား ကျပ် သိန်း ၆၀ ဝန်းကျင်နဲ့ ဈေးငြိမ်နေတဲ့ ပြည်တွင်းရွှေဈေးဟာ အခုနှစ်အစမှာပဲ ဈေးနှုန်းပြန်လည်မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီပထမအပတ်က တစ်ကျပ်သား ကျပ် ၆၁ သိန်းသာရှိတဲ့ ပြည်တွင်းရွှေဈေးဟာ ဇန်နဝါရီ ၁၀ ရက်နေ့မှာတော့ ကျပ် ၆၄ သိန်းဝန်းကျင်အထိ ဈေးနှုန်းခုန်တက်လာတာပါ။…

လှဂွန်းပျိုတပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ဖာပွန်၊ ဇန်နဝါရီ ၁၁ ကရင်ပြည်နယ် ဖာပွန်ခရိုင် လှဂွန်းပျိုကျေးရွာထဲမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အ မျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ KNU တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျိုစခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA…

နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၈၀ ကျော် အင်တာနက်ဖြတ်တောက်ခံရ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၁ ၂၀၂၄ တစ်နှစ်တာအတွင်း နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၈၂ မြို့နယ်မှာ အင်အာနက်ဖြတ်တောက်မှုအကြိမ်ပေါင်း ၁၃၀ ကျော် ကြုံတွေ့ခဲ့ရတယ်လို့ မြန်မာအင်တာနက်ပရောဂျက် MIP က ဇန်နဝါရီ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ အင်အာနက်ဖြတ်တောက်ခံရတဲ့ ဒေသတွေထဲမှာ ကချင်နဲ့ ရခိုင်က တစ်နှစ်အတွင်း ပြည်နယ်တစ်ခုလုံးမှာ အင်တာနက်ဖြတ်တောက်ခံခဲ့ရပြီး ကျန်တဲ့…

ရေးမြို့နယ် ကျုံလောင်းဒေသမှာ တိုက်ပွဲပြင်းထန်နေ

ရေး၊ ဇန်နဝါရီ ၁၁ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းဒေသထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း နေအိမ်တွေ ပျက်စီးတာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားမှုအားကောင်းတဲ့ ကျုံလောင်းကျေးရွာထဲ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးဝင်ရောက်လာတာပါ။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက်…

ပူတင်နဲ့တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၁၀ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မိမိတို့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ရီပက်ဘလေကန် ရွေးကောက်ခံသမ္မတက ခေါင်းဆောင်နှစ်ဦး ဘယ်အချိန် တွေ့ဆုံမလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။ လာမယ့် ဇန်နဝါရီ ၂၀ ရက်မှာ အိမ်ဖြူတော်သို့…

တောင်ကိုရီးယား သမ္မတဟောင်း ယွန်ကို အကြမ်းဖက်နည်းနဲ့ မဖမ်းဖို့ လုံခြုံရေးအကြီးအကဲ သတိပေး

ဆိုးလ်၊ ဇန်နဝါရီ ၁၀ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာဖို့ ကြိုးပမ်းမှုကြောင့် စွပ်စွဲ ပြစ်တင်ခံထားရပြီး ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခံရသလို ဖမ်းဝရမ်းနဲ့ ရင်ဆိုင်နေရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ဟာ မတရားသဖြင့် ပြုမူခံနေရကြောင်းနဲ့သွေးချောင်းစီးမယ့် အခြေအနေကို ရှောင်ရှားရမယ့်အကြောင်း သူ့ရဲ့ လုံခြုံရေး အကြီးအကဲက ဇန်နဝါရီ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ သမ္မတ…

တိုင်းရင်းသားစည်းလုံးမှုဟာ နိုင်ငံအတွက် အသက်တမျှ အရေးပါတဲ့ အချိန်လို့ စစ်ခေါင်းဆောင် ပြော

နေပြည်တော် ၊ ဇန်နဝါရီ ၁၀ တိုင်းရင်းသားဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီက တိုင်းရင်းသားစည်းလုံးညီညွတ်မှုဟာ နိုင်ငံအတွက် အသက်တမျှ အရေးပါတဲ့ အချိန်ကာလဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောလာပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုထားတာပါ။…

ပုလောအခြေစိုက် ခလရ ၁၇ တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်တိုက်

ပုလော၊ ဇန်နဝါရီ ၁၀ တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၇ ခြေလျင်တပ်ရင်းကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။ ခလရ ၁၇ တပ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး…

ကျောက်ကြီးအခြေစိုက် စစ်တပ်စခန်းတစ်ခုကို ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကျောက်ကြီး၊ ဇန်နဝါရီ ၁၀ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ကျောက်ကြီးမြို့နယ်မှာ နှစ်ပေါင်း ၅၀ နီးပါး တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခူသေစိုးတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ခူသေစိုးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဇန်နဝါရီ…