မိုးကုတ်၊ ဇန်နဝါရီ ၉

မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဂေါက်ကွင်းနဲ့ မစိုးရိမ်ကျောင်းတိုက်အတွင်း ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဇန်နဝါရီ ၈ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်ကနေ ၁ နာရီ ၁၀ မိနစ်အထိ မိနစ် ၂၀ အတွင်း ဂေါက် ကွင်းမှာ ဗုံး ၁၄ လုံးနဲ့ မစိုးရိမ်ကျောက်တိုက်မှာ ဗုံး ၅ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် နေအိမ် ၅ လုံး၊ ဘုန်းကြီးကျောင်းနဲ့ မော် တော်ယာဉ် ၁ စီး ထိခိုက်ပျက်စီးခဲ့ပေမယ့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိ၊ မရှိမသိရသေးဘူးလို့ ဆိုပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းက နေရာနှစ်ခုအပြင် မြို့အနောက်ပိုင်းရှိ ကျောက်ဆင်ဘော်မားရပ်ကွက်မှာလည်း ဗုံးကြဲချတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက် ည ၉ နာရီအချိန်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ဆီစုံကျေးရွာရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကျောင်း ဆောင်အများအပြား ထိခိုက်ပျက်စီးမှုရှိခဲ့တာပါ။

မိုးကုတ်မြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့‌တွေက ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ တိုက်ခိုက်သိမ်းယူထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.