ရေး ၊ ဒီဇင်ဘာ ၁၉

နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့တို့ဟာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွက် ပူးတွဲစစ်ရေးလှုပ်ရှားဖို့ သဘောတူညီခဲ့ကြတယ်လို့ ဒီက နေ့ မနက်ပိုင်းမှာ ပူးတွဲကြေညာပါတယ်။

မွန်တော်လှန်‌ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်အမျိုးသား လွတ် မြောက်ရေးတပ်မတော် MNLA AD ၊ မွန်ပြည် ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တွေ့ဆုံခဲ့ကြတာပါ။

အဲဒီတွေ့ဆုံမှုအတွင်း စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး မွန်တော်လှန်ရေးတပ်တွေအားလုံးပါဝင်တဲ့ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အ ကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့ပါတယ်။

ပထမအဆင့်အနေနဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့က ပူးတွဲစစ်ရေးလှုပ်ရှားမှုတွေ ပြု လုပ်သွားဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ ပူးတွဲကြေညာချက်ပါ စစ်ရေးဆိုင်ရာ ပူးတွဲလှုပ်ရှားမှုနဲ့ပတ်သက်ပြီး သက် ဆိုင်ရာ မွန်တော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MSDF/MSRF/MLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.