ကြာအင်းဆိပ်ကြီး၊ ဒီဇင်ဘာ ၁၉
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းထောင်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသ ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က အနင်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ရဲတံခွန်ကျေးရွာကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ဝင်းထောင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်မှာရှိတဲ့ အသက် ၇၀ အရွယ် ဦးအောင်ချစ်ဟာ နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၅၀ အရွယ်တွေဖြစ်တဲ့ ဒေါ်မူးလင်းကြည်နဲ့ ဒေါ်ပကြည်းတို့ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မွန်ပြည်နယ် သံ ဖြူဇရပ်မြို့ နယ် ဝဲကလိတပ်ကနေ အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့စစ်ကြောင်း ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတဲ့ အ နန်းကွင်းဗျူဟာ မကျရေးအတွက် အင်အား ၂၀၀ နီးပါး စစ်ကူစေလွှတ်ထားတာပါ။
စစ်ကောင်စီတပ် စစ်ကူလွှတ်ထားတဲ့အတွက် အနန်းကွင်းဒေသမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံပြည်သူထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ