မကွေး ဒီဇင်ဘာ ၁၈

မကွေးတိုင်း စလင်းမြို့နယ် ကျေးရွာ ၈ ရွာက လူဦးရေ ၆၀၀၀ နီးပါးဟာ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဆိပ်​ဖြူမြို့ဘက်ကလာတဲ့ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် စမ်းက​လေး၊ ဒီးဒုတ်ပင်အပါအဝင် ကျေးရွာ ၈ ရွာက ဒေသခံတွေ စစ်ဘေးရှောင်နေရတာပါ။

“ဆိပ်ဖြူကနေလာတဲ့ စ​စ်ကြောင်း ဆီဆွဲလမ်းခွဲ​ကနေဝင်လာတာ။ပထမနေ့လမ်းကြောင်းမှာ မိုင်းဆွဲခံရတယ်။ ခွေးခုနှစ်လောင်း ရှစ်လောင်းနဲ့ ခဏထားပြီး​တော့ နောက်တစ်ရက်ချန်ပြီးတော့ ထပ်လာတာတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီ ရွာတွေဘက်ကို စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်နေတာဟာ ပြီးခဲ့တဲ့ ဒီဇင်​ဘာ ၁၄ ရက်ကတည်းကဖြစ်ပြီး ကုန်းကြောင်းရော လေကြောင်းကပါ စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေလိုအပ်နေပြီးတော့ စစ်ကောင်စီစစ်ကြောင်းကလည်း လှုပ်ရှားနေဆဲဖြစ်တာကြောင့် တစ်နေရာထဲ အထိုင်မချဘဲ ရှောင်ရှားနေရတယ်လို့ သိရပါတယ်။

စမ်းကလေးကျေးရွာအထိ ကာကွယ်ရေးအဖွဲ့တွေက နယ်မြေစိုးမိုးမှုရယူထားပြီးတော့ အဲဒီနယ်မြေတွေကို ရှင်းလင်းရေးလုပ်တဲ့အနေနဲ့ စစ်ကြောင်းဝင်ရောက်တာဖြစ်နိုင်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက သုံးသပ်​​​နေကြပါတယ်။

စစ်ကောင်စီက အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ စမ်းကလေးကျေးရွာကိုလည်းဒီဇင်​ဘာ ၁၇ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့လို့ တစ်ရွာလုံး မီးလောင်ကျွမ်းပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲဒီကျွေးရွာတွေ တဝိုက်မှာ ဒီဇင်​ဘာ ၁၈ ရက်အထိ လက်နက်ကြီးအသံတွေကြားနေရဆဲဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းကတော့ ပြန်လည်ဆုတ်ခွာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.