ရွှေကျင်၊ ဒီဇင်ဘာ ၁၇
ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီဇင် ဘာ ၁၆ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က အင်္ဂနီကျေးရွာမှာ အခြေချထားတဲ့ စစ်ကောင်စီရဲ့ အမှတ် ၅၇ ခြေ လျင်တပ်ရင်း တပ်ပေါင်းစုကနေ ရွှေကျင်မြို့နယ် ရုံးတိုင်းကျေးရွာထဲ လက်နက်ကြီး ၆၀ မမ နှစ်လုံး ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရုံးတိုင်းကျေး ရွာနေ အသက် ၆၇ နှစ်အရွယ် ဒေါ်သေးထိမှန်သေဆုံးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ခလရ ၅၇ တပ်ပေါင်းစုံကနေ စံဖဲကျေးရွာထဲ လက်နက်ကြီးငါးလုံး ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် စံဖဲကျေးရွာနေ အသက် ၄၂ နှစ်အရွယ် ဦးခင်ဝင်းနဲ့ အသက် ၄၅ နှစ်အ ရွယ် ဒေါ်စန်းမူတို့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ဟာ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး ပြည်သူလူထုတွေ နေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်တွေထဲ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ် ခတ်တာဖြစ်တယ်လို့ KNU ဆိုထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိစစ်ကောင် စီဘက်က တစ်စုံတစ်ရာတုံ့ပြန်တာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU