ထားဝယ်၊ ဒီဇင်ဘာ ၁၈

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့အမှတ် ၂၅ ခြေမြန်တပ်ရင်းကစစ်ကောင် စီတပ်သားတစ်ဦး လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ထံက သိရပါတယ်။

ခမရ ၂၅ တပ်ရင်းက စစ်ကောင်စီတပ်သား ဖိုးထွေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ဓဝယ်အ မျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရှေ့တန်းတပ်စခန်းက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်အလင်းဝင်လာခဲ့တာပါ။

လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဖိုးထွေးဟာ MA1 သေနတ်တစ်လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်တောင့် ၁၂၀ တောင့်၊ ဓားမြောင်တစ်ချောင်းပါရှိတယ်လို့ DNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်သားဖိုထွေးကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်မှ ဂုဏ်ပြုဆုငွေ ကျပ်သိန်းငါးဆယ်တိတိ ဆုချီးမြှင့်ခဲ့ပြီး သူရဲ့သဘောဆန္ဒအတိုင်း လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ပြည်သူ့ရင်ခွင်ခိုလှုံလိုတဲ့ ဘယ်သူမဆို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA က အမြဲကြိုဆိုနေတယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ကျောက်နီမော်စခန်းကုန်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင် စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်နဲ့ရဲတပ်ဖွဲ့ဝင် ၃၃ ဦး PDF ထံ အလင်းဝင်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-DNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.