December 17, 2024

မွန်ပြည်နယ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို တရားရေးကစာရင်းကောက်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၈ မွန်ပြည်နယ်ရှိ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အချက်အ လက်တွေကို စစ်ကောင်စီခန့် မွန်ပြည်နယ်တရားလွှတ်တော်က စာရင်းကောက်ယူသွားတယ်လို့ အ ကျဉ်းထောင်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အချက်အလက် စာရင်းကောက်ယူနေရာမှာ ကျူးလွန်ခဲ့တဲ့ပြစ်မှုအမျိုး အစား၊ ပြစ်ဒဏ်ကျခံနေရတဲ့ ထောင်ဒဏ်နှစ် အရေအတွက်အပါအဝင် ကိုယ်ရေးအချက်အလက်တွေကအစ ကောက်ယူသွားတာ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို တရားရေးဘက်ကပါ စာရင်းကောက်ယူမှုတွေ လုပ်ဆောင်နေတဲ့အ…

ထားဝယ်တပ်က စစ်ကောင်စီတပ်သားတစ်ဦး PDF ထံ အလင်းဝင်

ထားဝယ်၊ ဒီဇင်ဘာ ၁၈ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့အမှတ် ၂၅ ခြေမြန်တပ်ရင်းကစစ်ကောင် စီတပ်သားတစ်ဦး လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ထံက သိရပါတယ်။ ခမရ ၂၅ တပ်ရင်းက စစ်ကောင်စီတပ်သား ဖိုးထွေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ဓဝယ်အ မျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရှေ့တန်းတပ်စခန်းက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်အလင်းဝင်လာခဲ့တာပါ။…

တောင်ကုတ်ကနေ စစ်ရှုံးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ မကွေးတိုင်းနဲ့ပဲခူးတိုင်းအစပ်က ရွာတွေမှာ ပုန်းအောင်းနေ

မကွေး ဒီဇင်ဘာ ၁၇ ရခိုင်ပြည်နယ် တောင်ကုတ်ကနေ စစ်ရှုံးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ မကွေးတိုင်းနဲ့ ပဲခူးတိုင်းအစပ်ကကျေးရွာတွေမှာ ပုန်းအောင်းနေထိုင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို​​​ ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်မှာ ပဲခူးကနေ တောင်ကုတ်ဘက်ကို စစ်ကူသွားတဲ့ စစ်​ကောင်စီအင်အား ၁၀၀ ကျော်ဟာ တောင်ကုတ်မြို့မှာတိုက်ခိုက်ခံခဲ့ရပြီး ဒီဇင်ဘာ ၁၂ ရက်မှာပြန်ဆုတ်လာတာပါ။ “သူတို့ အဲဒီနေ့က စစ်ကူသွားတာ…

ရေးက စစ်တပ်စခန်းတစ်ခုကို တော်လှန်ရေးတပ်တွေဝင်တိုက်

ရေး၊ ဒီဇင်ဘာ ၁၇ မွန်ပြည်နယ် ရေးမြို့နယ် ကွမ်ကျိုက်ကျေးရွာ ကွမ်ကျိုက်တံတားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တပ်အင်အား ၃၀ နီးပါးရှိတဲ့ စစ်ကောင်စီရဲ့ အဲဒီတပ်စခန်းကို ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ မွန်ပြည်နယ်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့်…

ဆီးရီးယားကနေ ရုရှားစစ်တပ် အလုံးအရင်းနဲ့ စတင်ဆုတ်ခွာ

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၇ သမ္မတ ဘာရှား အယ်လ် အာဆတ် ဖြုတ်ချခံရပြီးနောက် ဆီးရီးယားမှ စစ်သုံး ပစ္စည်းကိရိယာတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ရုရှားက ကြီးကြီးမားမား အတိုင်းအတာနဲ့ ပြန်လည် ဆုတ်ခွာမှု စတင်နေပြီ ဖြစ်ကြောင်း အမေရိကန်အရာရှိ နှစ်ဦး၊ ထောက်လှမ်းရေးနဲ့ နီးစပ်တဲ့ အနောက်တိုင်း အရာရှိ တစ်ဦးတို့က ပြောကြားလိုက်ပါတယ်။ ရုရှားတပ်တွေ ဆုတ်ခွာမှုဟာ ကြီးကြီးမားမား…

အမေရိကန်ထုတ် အဆင့်မြင့် သံချပ်ကာကား ပထမအသုတ် ထိုင်ဝမ် လက်ခံရရှိ

တိုင်ပေ၊ ဒီဇင်ဘာ ၁၇ ဖြစ်လာနိုင်ခြေရှိတဲ့ တရုတ်ရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်ဖို့ ထိုင်ဝမ်က စစ်ရေးစွမ်ပကား တိုးမြှင့်နေချိန်မှာ အမေရိကန်ထုတ် အဆင့်မြင့် Abrams သံချပ်ကာကား ၃၈ စီးကို ပထမအသုတ် အဖြစ် လက်ခံရရှိကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ ၂၀၁၉ ခုနှစ်က မှာထားတဲ့ သံချပ်ကာကား ၁၀၈…

ရွှေကျင်မှာ စစ်တပ်လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ရွှေကျင်၊ ဒီဇင်ဘာ ၁၇ ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီဇင် ဘာ ၁၆ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က အင်္ဂနီကျေးရွာမှာ အခြေချထားတဲ့ စစ်ကောင်စီရဲ့ အမှတ် ၅၇ ခြေ လျင်တပ်ရင်း…

မာနယ်ပလောဒေသကို KNU ပြန်လည်သိမ်းပိုက်

လှိုင်းဘွဲ၊ ဒီဇင်ဘာ ၁၇ ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဟောင်းဖြစ်တဲ့ မာနယ်ပလောဒေသမှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းရင့်စခန်းတစ်ခုဖြစ်တဲ့ နို့ဒေးစခန်းကုန်းကို KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မာနယ်ပလောဒေသထဲမှာ နောက်ဆုံးကျန်ရှိတဲ့ နို့ဒေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာ စခန်းတစ်ခုလုံးကို…