မော်လမြိုင်၊ ဒီဇင်ဘာ၁၇
AAPP ရဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၁၅) ရက်အတွင်း ပြည်သူ (၆၀၅၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၈၈၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။
ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၇၀) ဦး ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ကိုးကား – AAPP