ရေးမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး PDF ထံ အလင်းဝင်

ရေး၊ ဒီဇင်ဘာ ၁၁

မွန်ပြည်နယ် ရေးမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ် သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ရာမညပြောက်ကျားတပ်ဖွဲ့ RGF က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ရေးအခြေစိုက် အမှတ် ၂၉၉ ခြေမြန်တပ်ရင်းမှာ တာဝန်ကျနေတဲ့ တပ်သားစောစိုးထက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်အောက်ခံ ရာမညပြောက်ကျားတပ်ဖွဲ့ RGF ထံ အလင်းဝင်တာ ဖြစ်ပါတယ်။

အလင်းဝင်လာတဲ့ တပ်သား စောစိုးထက်ဟာ MA ၁၁ သေနတ်တစ်လက်၊ ကျည်အတောင့် ၁၂၀ ၊ အီနာဂါဗုံးတစ်လုံး၊ လက်ပစ်ဗုံးတစ်လုံး၊ နင်းမိုင်းတစ်လုံးအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတ ချို့နဲ့ အလင်းဝင်လာတာပါ။

အလင်းဝင်လာတဲ့ တပ်သားစောစိုးထက်ဟာ ဧရာဝတီတိုင်းဇာတိဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီးနောက် ခမရ ၂၉၉ တပ်ရင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ရာမညပြောက်ကျားတပ်ဖွဲ့ RGF ကတော့ အလင်းဝင်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် ဆက်သွယ်ရမယ့် နည်းလမ်းတွေကို တပ်တွင်းဖရဲသီးတွေထံ ဖြန့်ဝေထားပြီးဖြစ်ကြောင်းနဲ့ စစ်အုပ် စုကနေ အမြန်ဆုံးရုန်းထွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာဒုတိယအပတ်ကလည်း စစ်ကောင်စီရေတပ်က တပ်သားတစ်ဦးအပါအဝင် စစ်မှု ထမ်းသင်တန်းဆင်း တပ်သားခြောက်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းထံ အလင်းဝင်ခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-RGF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.