ဟာမာ၊ ဒီဇင်ဘာ ၆
သမ္မတ ဘာရှာ အယ်လ် အာဆတ်အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုအနေနဲ့ ဆီးရီးယားနိုင်ငံရဲ့ ဒုတိယမြောက်မြို့ကြီး ဟာမာမြို့ကနေ အစိုးရ စစ်သားတွေ ဆုတ်ခွာသွားပြီးနောက် အဲဒီမြို့ကြီးကို ရာနှုန်းပြည့် ထိန်းချုပ်ထားလိုက်ပြီလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဟာမာမြို့ကို အောင်မြင်စွာ သိမ်းပိုက်ထားနိုင်ကြောင်း HTS တပ်ဖွဲ့ အကြီးအကဲက ကြေညာပြီး လက်စားချေမှုရှိမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
စောစောပိုင်းမှာ HTS တပ်ဖွဲ့နဲ့ မဟာမိတ်တပ်တွေက ဟာမာမြို့ ဗဟို အကျဉ်းထောင်ကို စီးနင်း တိုက်ခိုက်ခဲ့ပြီး အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်တပ်က မြို့ပြင်သို့ အင်အား ဖြည့်တင်း ချထားခဲ့တယ်လို့ သိရပါတယ်။
ဟာမာမြို့မှာ လူဦးရေး တစ်သန်းလောက်ရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်က တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တဲ့ အလက်ပိုမြို့နဲ့ မိုင် ၇၀ ပဲ ဝေးပါတယ်။
အီရန် ကျောထောက်နောက်ခံ ပြုထားတဲ့ လက်နက်ကိုင်တပ်တွေ အားနည်းသွားချိန်မှာ ဆီးရီးယား တော်လှန်ရေးတပ်တွေက အမှတ်မထင် ထိုးစစ်ဆင်ပြီး အခုလို မြို့ကြီး နှစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အရင်ကဆိုရင် သမ္မတ အာဆတ်ဟာ တော်လှန်ရေးတပ်တွေကို နှိမ်နှင်းဖို့ ရုရှားနဲ့ အီရန်ကို အားကိုးခဲ့ပေမယ့် လောလောဆယ်မှာ အဲဒီ နှစ်နိုင်ငံလုံး သူတို့အရေးကိစ္စနဲ့ သူတို့ အလုပ်ရှုပ်နေကြတာကြောင့် ဒမတ် စကတ်အထိ တော်လှန်ရေတပ်တွေ ရောက်လာရင် ဘယ်လို ကာကွယ်မလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဒီမိုကရေစီလိုလားတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သမ္မတ အာဆတ် အစိုးရက နှိမ်နှင်းခဲ့တာကြောင့် ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်း သေဆုံးသူ ၅ သိန်းကျော် ရှိပါတယ်။
အလက်ပိုမြို့ကို လက်လွှတ်လိုက်ရပြီးနောက် အစိုးရတပ်တွေ အင်အားဖြည့်တင်းထားခဲ့ပြီး ရုရှားနဲ့ အီရန် ထောက်ပံ့ထားတဲ့ လက်နက်ကိုင်တွေပါ ကူတိုက်ပေးပေမယ့် တော်လှန်ရေးတပ်တွေကို မတားဆီးနိုင် ဖြစ်ခဲ့ရပါတယ်။
Ref:BBC