ကော့ကရိတ်၊ ဒီဇင်ဘာ ၇

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲတွေဆက် လက်ပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ကော့ကရိတ်-မြဝတီကို ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးကို စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ အာရှလမ်းမမှာ ထိုးစစ်ဆင်ရောက်ရှိနေတဲ့ သူတို့ရဲ့ အောင်ဇေယျစစ်ကြောင်းထဲကို တပ်အင်အားတွေ ပိုမိုဖြည့်ဆည်းလာပြီး လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေအပါအ ဝင် ဒရုန်းနဲ့တိုက်ခိုက်မှုတွေပါ ပိုမိုတိုးမြင့်လုပ်ဆောင်နေပါတယ်။

တပ်အင်အားပိုမိုတိုးချလာပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုမိုတိုးမြင့်လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့အကြား အခုရက်ပိုင်းတွေထဲ ထိတွေ့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

အာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းလက်အောက်ခံအဖွဲ့တွေ တပ်ဖြန့်နေရာယူ တပ်စွဲထားတဲ့ စခန်းကုန်းတစ်ခုကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ပိတ်ဆို့တိုက် ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြောက်ဘက် ဒေါနတောင်ပေါ်လမ်းဟောင်းနားက မိကျောင်းအင်း ရန်ကုတ်ကျေးရွာတွေဘက်မှာလည်း စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲတွေနေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာပါ။

စစ်ကောင်စီတပ်ဟာ မြဝတီ၊ သင်္ဃန်းညီနောင်နဲ့ အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ဧပြီလကတည်းက အောင်ဇေယျစစ်ဆင်ရေးကို စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး KNLA တော်လှန်ရေးပူး ပေါင်းအဖွဲ့တို့ရဲ့ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းဟာ အထိနာခဲ့ပါတယ်။

လက်ရှိမှာ အောင်ဇေယျစစ်ကြောင်းဟာ အာရှလမ်းမကြီးရဲ့ တောနော်ရေတံခွန်အထက်နားနေရာတစ်ဝိုက်နဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းမရောက်ခင် ရန်ကုတ်ကျေးရွာအနီးမှာသာ ရောက်ရှိတပ်စွဲနေရာယူထားပြီး လက်နက်ချအလင်းဝင်ရောက်လာတာတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကတော့ တိုက်ခိုက်ခံနေရတဲ့ အောင်ဇေယျစစ်ကြောင်းဆီကို စစ်မှုထမ်းသင်တန်း ဆင်း လူငယ်တပ်သားသစ်တွေ အများအပြားပါဝင်တဲ့ စစ်ကူအင်အားကို ပို့ဆောင်နေသလို လက် နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ဒရုန်းနဲ့တိုက်ခိုက်မှုတွေလည်းပစ်ကူလုပ်ဆောင် ပေးနေတာလည်းဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Saw Kaw

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.