မော်လမြိုင်၊ ဒီဇင်ဘာ ၅
နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ သုံးလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၁၅၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အခုနှစ် စက်တင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိ သုံးလအတွင်း စစ်ကောင်စီလက် ချက်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၃၀ ဦး အပါအဝင် စုစုပေါင်းအမျိုးသမီး ၁၅၀ ဦးသေဆုံးခဲ့တာကို အမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ သေဆုံးသူ ၁၀၇ ဦးဟာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်တာကြောင့် သေ ဆုံးခဲ့ပြီး ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ၃၄ ဦးစီနဲ့ အများဆုံး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီသုံးလအတွင်း နိုင်ငံတဝန်းက အမျိုးသမီး ၄၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှာ ၁၃ ဦးနဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာ ဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ပြီး၂၈,၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media