ကော့သောင်း၊ ဒီဇင်ဘာ ၅
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဆယ်မိုင်ကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကသံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ညက ဆယ်မိုင်ကျေးရွာအုပ်စုရှိ ဆယ်မိုင်ကျေးရွာနေ အသက် ၅၀ ဝန်း ကျင်အရွယ် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို စစ်ကောင်စီတပ်သားတွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေဟာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ ဦးသန်းဦးရဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာမှ လက်ကိုင်ဖုန်းမှာ နိုင်ငံရေးပို့စ်တွေ တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဦးကို ခြောက်မိုင်ကျေးရွာရှိ ကော့သောင်းအခြေစိုက် ဗျူဟာစခန်းထံ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့စွပ်စွဲချက်နဲ့ အမှုဖွင့်အ ရေးယူဖို့ လုပ်ဆောင်နေတာပါ။
ဦးသန်းဦးဟာ NLD အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက် ပိုင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး ထောင်ဒဏ် ၂ နှစ်ကျပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။
ကော့သောင်းမြို့နယ် ဆယ်မိုင်ကျေးရွာအုပ်စုမှာတော့ အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာတဲ့ နိုင်ငံရေးသမားတွေကလည်း စစ်ကောင်စီရဲ့ ပြန်လည်ဖမ်းဆီးခံရမှာ စိုးရိမ်တာကြောင့် တိမ်းရှောင်တာတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီရဲ့ အကြောင်းအမျိုးအ မျိုးပြ ဖမ်းဆီးမှုကြောင့် အရပ်သားပြည်သူ ၂၀၈ ဦး ထက်မနည်းရှိခဲ့ပြီး ၁၄၇ ဦးသာ ပြန်လွတ်လာခဲ့တယ်လို့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media