မနီလာ၊ ဒီဇင်ဘာ ၃

တောင်တရုတ်ပင်လယ်ရှိ နိုင်ငံပိုင် အထူးစီးပွားရေးဇုန်ထဲသို့ ရုရှား ရေငုပ်သင်္ဘော ရောက်ရှိနေမှုဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ ကိစ္စ ဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။

ကီလိုအဆင့် ရုရှား ရေငုပ်သင်္ဘော တစ်စီးကို နိုဝင်ဘာ ၂၈ ရက်တုန်းက အော်စီဒန်ရှယ် မင်ဒိုရိုဒေသ အနောက်ဖက် ရေမိုင် ၈၀ အကွာမှာ မြင်တွေ့လိုက်ရတယ်လို့ ရေတပ် ပြောရေးဆိုခွင့်ရှိသူ ရွိုင်း ဗင်းဆင့် ထရီနီဒက်က ပြောကြားထားပါတယ်။

ဖိလစ်ပိုင် ဖရီးဂိတ် သင်္ဘော တစ်စီးက အဲဒီ ရေငုပ်သင်္ဘောနဲ့ ဆက်သွယ်ခဲ့ချိန်မှာ ရုရုား ရေငုပ်သင်္ဘော UFA 490 ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ရုရှားနိုင်ငံ ဗလာဒီဗော့စတော့သို့ သွားရောက်ဖို့ ရာသီဥတု အခြေအနေ ကောင်းလာမယ့်အချိန်ကို စောင့်ဆိုင်းနေတာ ဖြစ်တယ်လို့ ရုရှား ရေငုပ်သင်္ဘောက အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူတို့ အဲဒီနေရာကို ဘာကြောင့် ရောက်ရှိနေတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

ရေပြင်ဥပဒေတွေနဲ့ အညီ ဖိလစ်ပိုင်ရေတပ်က အဲဒီ ရေငုပ်သင်္ဘောကို စောင့်ကြပ် ပို့ဆောင်ပေးခဲ့တယ်လို့ ဖိလစ်ပိုင်ရေတပ် ပြောခွင့်ရက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မနီလာမြို့ရှိ ရုရှားသံရုံးက မှတ်ချက်ပြုထားတာ မရှိသေးပါဘူး။

ရုရှားရဲ့ ကီလိုအဆင့် ရေငုပ်သင်္ဘောတွေဟာ တော်တော်လေး အသံတိတ်တဲ့ ရေငုပ်သင်္ဘောတွေလို့ မှတ်ယူခံထားရပြီး ၁၉၈၀ ပြည့်နှစ်တွေကတည်းက ပုံမှန် အဆင့်မြှင့်တင်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဘေဂျင်းခရီးစဉ် အတွင်း ရုရှားနဲ့ တရုတ်ကြား အကန့်အသတ်မဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ပါတယ်။

နှစ်နိုင်ငံ ပူးပေါင်းပြီးတော့ တောင်တရုတ်ပင်လယ်မှာ ဇူလိုင်လက လက်တွေ့ ပစ်ခတ်တဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.