December 3, 2024

ကွပ်မျက်မခံရစေဖို့ ဗီယက်နမ် အမျိုးသမီးလုပ်ငန်းရှင် သူဌေးကြီး ကန်ဒေါ်လာ ၉ ဘီလီယံ ပေးလျော်ရမယ်

ဟနွိုင်း၊ ဒီဇင်ဘာ ၃ ဗီယက်နမ် အမျိုးသမီးလုပ်ငန်းရှင် သူဌေးကြီး ထရူအွန် မိုင်လန်အနေနဲ့ ချမှတ်ခံထားရတဲ့ သေဒဏ်အတိုင်း အပြစ်ပေးမခံလိုပါက အစိုးရထံ အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ပေးလျော်ရမယ်လို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ဘဏ်လိမ်လည်မှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့အတွက် အသက် ၆၈ နှစ်အရွယ် သူဌေးမကြီးဟာ ဧပြီလက သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒါက ဗီယက်နမ်မှာ…

တောင်တရုတ်ပင်လယ်ထဲ ရုရှားရေငုပ်သင်္ဘော ရောက်ရှိမှု ဖိလစ်ပိုင်သမ္မတ စိုးရိမ်

မနီလာ၊ ဒီဇင်ဘာ ၃ တောင်တရုတ်ပင်လယ်ရှိ နိုင်ငံပိုင် အထူးစီးပွားရေးဇုန်ထဲသို့ ရုရှား ရေငုပ်သင်္ဘော ရောက်ရှိနေမှုဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ ကိစ္စ ဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ ကီလိုအဆင့် ရုရှား ရေငုပ်သင်္ဘော တစ်စီးကို နိုဝင်ဘာ ၂၈ ရက်တုန်းက အော်စီဒန်ရှယ် မင်ဒိုရိုဒေသ အနောက်ဖက်…

ဆီဆိုင်မှာ စစ်တပ်ဒရုန်းဗုံးကြဲမှုကြောင့် သားအမိနှစ်ဦးသေဆုံး

ဆီဆိုင်၊ ဒီဇင်ဘာ ၃ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြောင်းချိုးနေတဲ့ သားအမိနှစ်ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာနေ မိသားစုသုံးဦးဟာ သူတို့ရဲ့ ပြောင်းခြံထဲမှာ ပြောင်းချိုးနေချိန် စစ်ကောင်စီနဲ့ လက်အောက်ခံ…

ရှမ်းမြောက်မှာ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ဦး သေဆုံး

နောင်ချို၊ ဒီဇင်ဘာ ၃ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ဦး သေဆုံးပြီး ၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီဇင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရှမ်းမြောက်က နောင်ချို၊ မိုးကုတ်၊ မိုင်းငေါ့၊ ကွတ်ခိုင်နဲ့ ကျောက်မဲမြို့နယ်တွေမှာ…

ရေးမှာစစ်ကောင်စီကားနှစ်စီး ကြားဖြတ်တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိ

ရေး၊ ဒီဇင်ဘာ ၃ မွန်ပြည်နယ် ရေးမြို့နယ် စုံနံသာကျေးရွာအနီး အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီကားနှစ်စီး ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ရေးဘီ လူးအဖွဲ့ခေါင်းဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရေးအခြေစိုက် အမှတ် ၃၄၃ ခြေမြန်တပ်ရင်းကနေ အမှတ် ၁၉…