အမှန်/အမှား
+++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“မြင်းခြံမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရတာ မရှိဘူး”လို့ စစ်တပ်သတင်းမှားဖြန့်ချီနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဓာတ် ပုံတွေနဲ့တကွ ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၂ ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို PDFတပ်တွေက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံးတယ်လို့ လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းမှာ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံကနေ မောင်းနှင်လာတဲ့ စစ်ကားသုံးစီးကို ဆယ်မိုင်လမ်းဆုံနဲ့ ဆိပ်ဖြူမြို့အကြား ဆော-ဆိပ်ဖြူလမ်းပိုင်းတစ်နေရာမှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် မီတာ ၁၀၀ အကွာကနေ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ဆိပ်ဖြူမြို့နယ် ထမ္မခေါက်ကျေးရွာအထိုင်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကပစ ၂၁ ၊ ကပ စ၂၂ တွေထဲကနေ အရပ်သားကျေးရွာတွေဘက်ကို မကြာခဏဆိုသလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတွေက မောင်းသတင်းဌာနကို ပြောထားပါတယ်။
မကွေးတိုင်း(ပကဖ) Yenanthar Column လင့်
မောင်း သတင်းဌာနကဖော်ပြထားတဲ့လင့်
Radio NUG ကဖော်ပြထားတဲ့ရုပ်သံသတင်း
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်