အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုကြောင့် ခရီးသွားယာဉ်နဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်းကို ဖုံးကွယ်ပြီး စစ်ကောင်စီ လိမ်လည်ဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတွေမှာ နိုဝင်ဘာ ၂၀ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ကန့်ဘလူမြို့နယ်မှာ ခရီးသွားယာဉ်အပေါ် စစ်အုပ်စုကဒရုန်းနဲ့ဗုံးကြဲမှုကြောင့် ဘုန်း ကြီးတစ်ပါး အပါအဝင် လေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ် မောင်းနှင်းလာတဲ့ ငွေတိုးမန်းခရီးသွားယာဉ်တစ်စီးအပေါ် တည့်တည့်ကို ဇီးကုန်း သကြားစက် ပျူစောထီး အထိုင်စခန်းကနေ စစ်အုပ်စုနဲ့ ပျူစောထီးတွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် ကားထဲမှာရှိတဲ့ ဘုန်းကြီးတစ်ပါးအပါအဝင် လေးဦးဗုံးထိမှန် သေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းမှာ တပ်အင်အား ၁၈၀ ကျော်ပါရှိပြီး တိုက်ခိုက်ရေး ဒရုန်းနှစ်စီးနဲ့ စစ်ရှောင်အများစုနေထိုင်တဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ရာမှ လူထိမှန်သေဆုံးမှု ဖြစ်ပေါ်ခဲ့တာပါ။

စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ် ကာဘိုးအထိုင်တပ်စခန်းမှ တန်ဆည်မြို့နယ် ရွှေလှန်၊ ငတန်းကျေးရွာတွေမှတဆင့် ရေဦးနယ်မြောက်ခြမ်း ကျေးရွာတွေသို့ ဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

ကန့်ဘလူ၊ကျွန်းလှတက်ကြွသူများအဖွဲ့

https://www.facebook.com/story.php?story_fbid=989246013219719&id=100064029885868&rdid=fSxxWNPKgm3k9rXz

MFP သတင်းဌာနက ဖော်ပြထားတဲ့လင့်

Mizzima သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=905206415086951&id=100067928020493&rdid=iUKg53QukReswJmG

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.