အမှန်/အမှား
++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအဖွဲ့တွေက စစ်မှုထမ်းဖို့ ငွေကြေးကောက်ခံတာ မရှိဘူး”ဆိုပြီး ဧရာဝတီတိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ငြင်းဆိုထားတဲ့ ရုပ်သံဖိုင်နဲ့ ဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာ ၁၈ ရက်နေ့က စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ ဧရာဝတီတိုင်း ဟင်္သာတခရိုင် ဟင်္သာတမြို့ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့ စစ်မှုထမ်း သင်တန်းသားမပေးနိုင်တဲ့ ရပ်ကွက်တွေကို ငွေကျပ်သိန်းဆယ်ချီတောင်းယူနေတာ ဖြစ်ပါတယ်။
ဟင်္သာတမြို့နယ်မှာ မြို့ပေါ် ၂၁ ရပ်ကွက်ရှိပြီး မြို့နယ်ခွဲ နှစ်ခုမှ ရပ်ကွက် ၁၀ ခုရှိရာ စုစုပေါင်း ရပ် ကွက် ၃၁ ခုကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆန်းထွန်းက ပြည်သူ့စစ်မှုထမ်းသင်တန်းသား မပေးနိုင်တဲ့ ရပ်ကွက်အလိုက်ကို ကျပ်ငွေသိန်းသုံးဆယ်ကျော်အထိ တောင်းယူနေတယ်လို့ ထွေအုပ်ရုံးနဲ့နီးစပ်သူတွေကိုယ်တိုင် လွတ်လပ်သော သတင်းဌာနတွေကို ပြောပြထားတာပါ။
ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ဆန်းထွန်းရဲ့ ညွှန်ကြားမှုနဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက နေ့စဉ်စာထုတ် ခြိမ်းခြောက်မှုတွေ ပြုလုပ်နေပြီး ပြည်သူ့စစ်မှုထမ်း ရရှိရေးနဲ့ အ ကြောင်းအမျိုးမျိုးပြ ငွေတောင်းယူနေတယ်လို့ ဧရာဝတီတိုင်းမ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဟင်္သာတမြို့နယ်မှာ စစ်မှုထမ်းမလိုက်နိုင်တဲ့ ကျေးရွာနဲ့ ရပ်ကွက်က အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ လူငယ်တစ်ဦးချင်းစီက ဩဂုတ်လကစပြီး လစဉ်ကြေးကျပ်နှစ်သောင်းကို သက်ဆိုင် ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပေးရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟင်္သာတမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
ဧရာဝတီတိုင်းမ် သတင်းဌာနက ဖော်ပြထားတဲ့လင့်
RFAသတင်းဌာနက ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်