အမှန်/အမှား
++++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“ပဲခူးတိုင်း သာယာဝတီခရိုင်မှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးပေါ်တာဆွဲတာမရှိဘူး” ဆိုပြီး လိမ်လည်ဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာ ၁၃ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ နိုဝင် ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့က အ ရပ်သားပြည်သူ၂၀ ကျော်ကို စစ်ကောင်စီတပ်မှ ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းဌာန Tharyarwaddy 8 City သတင်းဌာနက ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့ နေ့လည် ၁၁ နာရီက မင်းလှမြို့နယ် ကျွဲတလင်းကျေးရွာမှ ပြန်လာတဲ့ တင်းငုတ်စုကျေးရွာနေ လင်မယားနှစ်ယောက်ကို တားဆီးပြီး ခင်ပွန်းဖြစ်သူအား ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဖော် ပြထားပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၆ နာရီအချိန်ကလည်း အလုပ်မှ နေအိမ်ကို ပြန်လာတဲ့ အုန်းနှဲချောင်းကျေးရွာနေ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားတွေက ပေါ်တာဆွဲသွားကြောင်း Tharyar waddy 8 City သတင်းဌာနက ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ အရင်စစ်မှုထမ်း အပတ်စဉ်တွေကတည်းက လမ်းမတွေပေါ်မှာ သွားလာနေတဲ့ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေရှိပေမဲ့ အပတ်စဉ် ၇ အတွက် နေအိမ်တွေထိပါ လာရောက်ဖမ်းဆီးနေတာလို့ DVB မှာ ဖော်ပြထားပါတယ်။
Tharyarwaddy 8 City သတင်းဌာနက ဖော်ပြထားတဲ့လင့်
DVBသတင်းဌာနက ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်