အမှန်/အမှား

++++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“မန္တလေးမှာ စစ်မှုထမ်းဖို့ စစ်ကောင်စီက ပေါ်တာဆွဲနေပြီး မပါဝင်လိုတဲ့ ပြည်သူတွေကို ငွေကျပ်သိန်းဆယ်နဲ့ချီ တောင်းယူတဲ့သတင်းကို စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာ MOI က ငြင်းဆိုကာလုပ်ကြံ ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာ၊ MOI စတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာ ၇ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်အုပ်စု၊ ပျူစောထီးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းကာ စစ်သားသစ် ဆက်လက်စုဆောင်းနေတယ်လို့ မြို့ခံတွေက လွတ်လပ်သော သ တင်းဌာနတွေကို ပြောထားပါတယ်။

မန္တလေးမြို့သစ် ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်ထဲက ရပ်ကွက်တချို့မှာ တစ်ရပ်ကွက်ကို လူ ၃၀ စစ်သားသစ် စုမယ်လို့ ဆင့်ခေါ်စာ ပေးပို့နေတာဖြစ်ပြီး စစ်ထဲမဝင်လိုသူတွေအနေနဲ့ ကျပ် ၁၀သိန်း ပေးနိုင်ရင် ညှိနှိုင်းလို့ရကြောင်း မြို့ခံတွေကMandalay_Free_Pressသတင်းဌာနကို ပြော ထားပါတယ်။

ငွေပေးသူတွေကိုတော့ သုံးလ၊ ခြောက်လ အချိန်နောက်ဆုတ်ပေးတယ်လို့ ဆိုပါတယ်။

အောင်သာယာရပ်ကွက်အပါအဝင် ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန် မြို့နယ်ထဲက ရပ်ကွက်တွေဟာ လက်လုပ်လက်စား၊ ဆင်းရဲသားတွေ နေထိုင်ကြတာဖြစ်လို့ ငွေပေးညှိနှိုင်းနိုင်သူက နည်းပြီး အများစုက လစဉ်စစ်သားသစ် စုဆောင်းခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီတပ် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လူသစ်ထပ်မံခေါ်ယူတာတွေ ပြု လုပ်နေပြီး လမ်းပေါ်သွားလာနေသူတချို့လည်း ပေါ်တာဆွဲ ဖမ်းဆီးခံရမှုရှိနေတယ်လို့ မြို့ခံတွေက မြေလတ်အသံသတင်းဌာနကို ပြောထားပါတယ်။

Mandalay_Free_Pressသတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/share/r/15BQLX4rBT

မြေလတ်အသံ သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=1022944746538456&id=100064688198788&rdid=MiWKfrczUcMlPfsx

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.