November 13, 2024

လောင်းလုံးပစ်ခတ်မှု အရပ်သားတစ်ဦးဒဏ်ရာရ၊ နှစ်ဦးဖမ်းဆီးခံရ

လောင်းလုံး၊ နိုဝင်ဘာ ၁၄ တနင်္သာရီတိုင်း လောင်းလုံးမြို့ရှိ လောင်းလုံးမြို့မရဲစခန်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း အရပ် သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ တော် လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ လောင်းလုံးမြို့မရဲစခန်းကို နိုဝင်ဘာ ၁၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ်…

ကော့သောင်းမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရလို့ ၆ ဦး သေဆုံး

ကော့သောင်း၊ နိုဝင်ဘာ ၁၄ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် မာရမ်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ ခမောက်ကြီး အခြေစိုက်တပ်စခန်းမှ အင်အား ၈၀ကျော်နဲ့ မာရမ်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို…

မာနယ်ပလောဒေသမှာ နောက်ဆုံးကျန်ရှိတဲ့ စစ်တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့ ထိုးစစ်ဆင်နေ

လှိုင်းဘွဲ၊ နိုဝင်ဘာ ၁၄ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မာနယ်ပလောဒေသမှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ၉၁၃ နို့ဒေးဗျူဟာတပ်စခန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ KNU ဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ၉၁၃ နို့ဒေးဗျူဟာတပ်စခန်း၊ ကဆောဝါးလေးစခန်း၊ ဖူးလောကုန်းစခန်းအပါအဝင် တပ်စခန်းပေါင်း ၆ ခုရှိပြီး အဲဒီတပ်စခန်းတွေကို KNLA KNDO တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က…

TNLA အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင် ၁၀၀၀ ကျော် သင်တန်းဆင်း

တအောင်း၊ နိုဝင်ဘာ ၁၃ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းမှာ အမှတ်စဉ်(က)နဲ့ (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနဲ့…

မြန်မာနယ်စပ်မှာ တရားမဝင် နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ကန်ချာနာဘူရီ၊ နိုဝင်ဘာ ၁၃ တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ လာအိုနိုင်ငံသူ ၂ ဦး ပါဝင်တဲ့ နိုင်ငံခြားသား အယောက် ၂၀ ကို နိုင်ငံတွင်းမှာ တရားမဝင် နေထိုင်မှုနဲ့ ဆန်ခလာဘူရီ ဒေသမှာ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်မှာပြောကြားလိုက်ပါတယ်။ တရုတ် မှောင်ခိုးဂိုဏ်းတစ်ခုဟာ အဲဒီ ဒေသရှိ တောလမ်းကို…

ဒေါ်နယ်ထရန့်က အီလွန်မက်စ်နဲ့ Fox News အစီအစဉ် တင်ဆက်သူတို့ကို အစိုးရအဖွဲ့ မှာ ခန့်အပ်ဖို့ ရွေးချယ်

ဝါရှင်တန်၊ နိုဝင်ဘာ ၁၃ အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်က ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မက်စ်နဲ့ ရီပက်ဘလေကန် သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးတဲ့ ဗီဗက်စ် ရာမက်စ်ဝါမီ တို့ကို အစိုးရ လုပ်ဆောင်မှုတွေ ထိရောက် လျင်မြန်စေဖို့ ဌာနသစ်မှာ ဦးဆောင်မယ့်လူတွေ အဖြစ် နိုဝင်ဘာ ၁၂ ရက်က အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ဗီဗက်စ်…

မိုးကုတ်နဲ့ နောင်ချိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ ဦး သေဆုံး

နောင်ချို၊ နိုဝင်ဘာ ၁၃ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအတွင်း တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ ဦး သေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်မှာ…

ဘုတလင်မှာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာမရှိဘူး” လို့ စစ်ကောင်စီက သတင်းမှားဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီ ဝါဒဖြန့်ကြေးမုံသတင်းစာ၊ MOI…

မန္တလေးမှာ စစ်မှုထမ်းမပါဖို့ ငွေတောင်းတာမရှိဘူးလို့ စစ်တပ်လိမ်လည်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“မန္တလေးမှာ စစ်မှုထမ်းဖို့ စစ်ကောင်စီက ပေါ်တာဆွဲနေပြီး မပါဝင်လိုတဲ့ ပြည်သူတွေကို ငွေကျပ်သိန်းဆယ်နဲ့ချီ တောင်းယူတဲ့သတင်းကို စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာ MOI က ငြင်းဆိုကာလုပ်ကြံ ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

စစ်အာဏာသိမ်း (၁၃၈၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၄၄) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁၃ AAPP ရဲ့ နိုဝင်ဘာ ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၈၁) ရက်အတွင်း ပြည်သူ (၅၉၄၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၆၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…